Home
မြန်မာသတင်း
စစ်ကောင်စီဗဟိုဘဏ်က ဒေါ်လာနှင့် ဘတ်ငွေများ ထပ်မံထုတ်ရောင်း
lusane
·
May 14, 2025
dollor_14052025

ဗဟိုဘဏ်က စက်သုံးဆီလုပ်ငန်းရှင်တွေအတွက် FX Trading Platform ကတဆင့် အမေရိကန်ဒေါ်လာ ၂၃ သန်းကျော်နဲ့ ထိုင်းဘတ် သန်း ၅၀ ကို ထုတ်ရောင်းချပေးမှာဖြစ်ကြောင်း မေ ၁၃ ရက်နေ့မှာ ထပ်မံကြေညာပါတယ်။

ထုတ်ရောင်းမယ့် ငွေပမာဏအတွက် ရောင်းချမယ့် နေ့ရက်နဲ့ ငွေလဲနှုန်းကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စက်သုံးဆီဈေးနှုန်းမြင့်တက်မှုကြောင့် အခြေခံကုန်ဈေး‌တွေ တက်လာမှာကို သက်သာစေဖို့အတွက် စက်သုံးဆီ တင်သွင်းဖို့ လိုအပ်တဲ့ နိုင်ငံခြားငွေတွေကို ထုတ်ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က မကြာခဏ ကြေညာချက် ထုတ်လေ့ရှိပါတယ်။

အခုမေလအတွင်း ကြေညာချက်နှစ်ကြိမ်ထုတ်ပြန်ထားပြီး ပြီးခဲ့တဲ့ မေလ ၆ ရက်နေ့ကလည်း စက်သုံးဆီလုပ်ငန်းတွေအတွက် ‌ဒေါ်လာ ၃၃ သန်းနဲ့ ဘတ် သန်း ၂၀၀ ကို ရောင်းချပေးမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ကြေညာခဲ့ပါတယ်။

လက်ရှိမှာတော့ ပြည်တွင်း မြန်မာကျပ်‌ငွေနဲ့ ဒေါ်လာငွေလဲနှုန်းက ၄၄၀၀ ကျပ်၊ ထိုင်းဘတ်ငွေက ၁၃၃ ကျပ် ဝန်းကျင်ရှိပြီး ‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌‌အမေရိကန်ဒေါ်လာက လေးလအတွင်း ကျပ် ၄၀၀ ထိ ဈေးပြန်ကျဆင်းခဲ့ပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013