Home
မြန်မာသတင်း
မော်ချီးကို စစ်တပ်က ဗုံးထပ်ကြဲသဖြင့် ပြည်သူ ၂ ဦးသေဆုံး
lusane
·
May 10, 2025
MaoChi_10052025

ကရင်နီပြည်နယ်၊ ဖားဆောင်းမြို့နယ်က မော်ချီးကို စစ်ကောင်စီတပ်က မေ ၁၀ ရက်နေ့မှာ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ပြည်သူ ၂ ယောက် သေဆုံးခဲ့တယ်လို့ ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) အတွင်းရေးမှူး ၂ ဦးဗညားက ပြောပါတယ်။

မေ ၁၀ ရက် မွန်းတည့် ၁၂ နာရီကျော်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ မော်ချီးက ၃ နေရာလောက်ကို ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

ဦးဗညားက "သေချာပေါက် အတည်ပြုတာက ၂ ဦးဆုံးတယ်လို့ ကြားရတယ်။ ၃ ဦးဝန်းကျင် ထိခိုက်ဒဏ်ရာရရှိတယ်လို့ အကြမ်းဖျင်းသိထားပါတယ်” လို့ ပြောပါတယ်။

စစ်ကောင်စီတပ်က ငလျင်ဘေးကို ကူညီပြီး ပြန်လည်ထူထောင်ရေးလုပ်နိုင်ဖို့ အပစ်အခတ်ရပ်စဲတာကို ရက်ထပ်တိုးတယ်လို့ ပြောပေမဲ့ လက်တွေ့မှာတော့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်နေပါတယ်။

မော်ချီးဒေသကို လုံခြုံရေးအရ star link အသုံးပြုခွင့် တလကြာပိတ်မယ်လို့ ခရိုင်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီက ဧပြီ ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

Star link ပိဆ်ခံထားရပေမဲ့ စစ်ကောင်စီက လေကြောင်းကနေ ထပ်ဗုံးကြဲတာကြောင့် မိသားစုဝင်တွေကို ဆက်သွယ်ဖို့ အခက်အခဲရှိနေတယ်လို့ အဝေးရောက်ပြည်သူတွေက ပြောပါတယ်။

မော်ချီးဒေသကို စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်တာ ၄ ကြိမ်မြောက်အထိ ရှိလာနေပြီး ပြည်သူ ၉ ယောက် သေဆုံးခဲ့ကာ အယောက် ၃၀ လောက် ထိခိုက်ဒဏ်ရာရရှိတဲ့အပြင် နေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013