Home
နိုင်ငံတကာ
ကနေဒါနိုင်ငံသည် ရောင်းရန်မဟုတ်ဟု ဝန်ကြီးချုပ်ကာနေးက ထရမ့်ပ်နှင့် အိမ်ဖြူတော်၌ တွေ့ဆုံပြောကြား
DVB
·
May 7, 2025
Photo: REUTERS/Leah Millis

ကနေဒါနိုင်ငံဟာ ဘယ်တော့မှ ရောင်းကုန်တခု မဟုတ်ဘူးလို့ ရွေးကောက်ပွဲအနိုင်ရ  ကနေဒါဝန်ကြီးချုပ် မတ်ခ်ကာနေးက ပြောကြားလိုက်ပါတယ်။ 

အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကနေဒါကို အမေရိကန်ရဲ့ ၅၁ ပြည်နယ်မြောက် ဖြစ်လာနိုင်တယ်လို့ ပြောဆိုထားမှုတွေနဲ့ပတ်သက်ပြီး ကာနေးက အိမ်ဖြူတော်ကို ရောက်စဉ် ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

ထရမ့်ပ်က ကနေဒါရဲ့ ထုတ်ကုန်တွေကို အခွန်တိုးချဲ့ပြီး ကနေဒါနိုင်ငံကိုလည်း လက်အောက်ခံအဖြစ် သိမ်းသွင်းမယ့် စကားတွေ ပြောနေပေမဲ့ ပြီးခဲ့တဲ့လက ရွေးကောက်ပွဲ အနိုင်ရခဲ့တဲ့ ကာနေးက ထရမ့်ပ်ကို မားမားမတ်မတ်ရင်ဆိုင်မယ်လို့ ဆိုထားပါတယ်။ 

ထရမ့်ပ်က ကနေဒါနဲ့ မက္ကဆီကိုနိုင်ငံတို့က တင်သွင်းတဲ့ ကုန်ပစ္စည်းတွေကို စည်းကျပ်ခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံထားကာ ကားအပိုပစ္စည်းလိုမျိုး အချို့ကုန်တွေကိုတော့ အခွန်ကောက်ခံမှုနဲ့ ပတ်သက်ပြီး ဆွေးနွေးမှုတွေ ရပ်တန့်ထားပါတယ်။ 

ထရမ့်ပ်က ဖန်တာနယ်တွေ တင်သွင်းမှုနဲ့ပတ်သက်ပြီး ကနေဒါရဲ့ ဆောင်ရွက်ချက် မလုံလောက်သေးကြောင်း စွပ်စွဲထားပါတယ်။ 

အင်္ဂါနေ့က ပြုလုပ်ခဲ့တဲ့ ဆွေးနွေးမှုဟာ ကာနေး ဧပြီ ၂၈ ရက်က ရွေးကောက်ပွဲ အနိုင်ရပြီးနောက် ပထမဆုံးအကြိမ် ထရမ့်ပ်နဲ့ တွေ့ဆုံတာဖြစ်ပါတယ်။

ထရမ့်ပ်အရေးနဲ့ပတ်သက်ပြီး နိုင်ငံအခြေအနေကို စိုးရိမ်မှုတွေကြောင့် ကနေဒါနိုင်ငံသားတွေက ကာနေးကို ရွေးချယ်ခဲ့တာ ဖြစ်ပါတယ်။ 

ထရမ့်ပ်က ကာနေးကို အရမ်းတော်တဲ့ လူတယောက်လို့ ချီးကျူးပြောဆိုခဲ့ပြီး ကာနေးကလည်း ထရမ့်ပ်ကို  ပြောင်းလဲမှုတွေ ပြုလုပ်တဲ့ သမ္မတလို့ ဆိုခဲ့ပြီး ခေါင်းဆောင် ၂ ဦးရဲ့ ဆွေးနွေးမှု နွေးနွေးထွေးထွေးရှိခဲ့ပါတယ်။ 

သူတို့ ၂ ဦး ပြောဆိုမှုတွင် ထရမ့်ပ်က ကနေဒါဟာ အမေရိကန်ရဲ့ ပြည်နယ်တစ်ခု ဖြစ်နိုင်တယ်ဆိုတဲ့ တိုက်တွန်းမှုကို ကာနေးက ရောင်းရန် မဟုတ်ကြောင်း ပြောဆိုခဲ့ပါတယ်။ 

“အိမ်ခြံမြေလုပ်ငန်းတွေမှာ တချို့နေရာတွေကို ဘယ်တော့မှရောင်းရန် မဟုတ်လို့”  ကာနေးက ပြောပါတယ်။ ဒီလို ပြောဆိုမှုကို ထရမ့်ပ်က ဘယ်တော့မှ မရောင်းဘူးလို့ မပြောနဲ့လို့ တုံ့ပြန်ပြောဆိုခဲ့ပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013