Home
နိုင်ငံတကာ
ရုရှားနှင့် အပစ်အခတ်ရပ်စဲရေး အချိန်မရွေးဖြစ်နိုင်ဟု ဇလန်းစကီး ပြော
DVB
·
May 5, 2025
Photo: Reuters

ရုရှားနဲ့ အပစ်အခတ်ရပ်စဲရေးဟာ အချိန်မရွေးဖြစ်နိုင်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက ပြောပါတယ်။

၃ နှစ်ကျော်လာပြီဖြစ်တဲ့ ရုရှား-ယူကရိန်း စစ်ပွဲဟာ အချိန်မရွေး အပစ်အခတ်ရပ်စဲနိုင်ကြောင်းနဲ့ မဟာမိတ်တွေအနေနဲ့ ရုရုားကို ကြီးမားတဲ့ ဖိအားပေးမှုတွေ ပြုလုပ်ဖို့လည်း ဇလန်းစကီးက တောင်းဆိုခဲ့ပါတယ်။

ဇလန်းစကီးဟာ ချက်နိုင်ငံ ပရက်ဂ်မြို့ကို ရောက်နေပြီး ချက်သမ္မတ ပါဗယ်နဲ့အတူ သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့ရာမှာ ပြောဆိုခဲ့တာပါ။

မဟာမိတ်တွေရဲ့ ဖိအားပေးမှု မပါရင် ရုရုားသမ္မတ ပူတင်ဟာ ပြဿနာတွေကို အဆုံးသတ်ဖို့ ခြေလှမ်းစတင်မှာ မဟုတ်ဘူးလို့လည်း ဆိုပါတယ်။

“အပစ်အခတ်ရပ်စဲရေးဟာ အချိန်မရွေး ဖြစ်နိုင်ပါတယ်။ ဒီကနေ့တောင် အပစ်ရပ်ရေး ဖြစ်နိုင်ပါသေးတယ်။ သံတမန်ရေးကို အခွင့်အရေးပေးဖို့ အနည်းဆုံးတော့ ရက် ၃၀ လောက် လိုပါတယ်” လို့ ဇလန်းစကီးက ပြောပါတယ်။

ပြီးခဲ့တဲ့အပတ်က ပူတင်ဟာ ဆိုဗီယက်ယူနီယံက နာဇီတို့ကို အနိုင်ရခဲ့တဲ့ နှစ်ပေါင်း ၈၀ ပြည့်အဖြစ်  မေ ၈ ရက်ကနေ ၁၀ ရက်အထိ အပစ်အခတ်ရပ်စဲရေး ကြေညာခဲ့ပါတယ်။ အဲဒီလို သတ်မှတ်တာကို ဇလန်းစကီးက အဓိပ္ပာယ်မရှိကြောင်း ပြောခဲ့ပါတယ်။

ချက်နိုင်ငံဟာ ရုရှားကျူးကျော်စစ် စတင်တဲ့ ၂၀၂၂ ခုနှစ်ကတည်းက ယူကရိန်းနိုင်ငံကို ထောက်ခံခဲ့တဲ့နိုင်ငံဖြစ်ပြီး ခဲယမ်းလက်နက် စတင်ထောက်ပံ့ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

ယူကရိန်းအနေနဲ့ ၂၀၂၅ ခုနှစ်မှာ ပဏာမပံ့ပိုးမှုအစီအစဉ်အဖြစ် လက်နက် ၁ ဒသမ ၈ သန်းဖိုး လက်ခံဖို့ မျှော်လင့်နေပါတယ်။

ဒီလို ကနဦး လက်နက်ပံ့ပိုးမှုက ထိရောက်မှုရှိပြီး လေယာဉ်မောင်းနှင်ခြင်းတွေလည်း အတူပူးတွဲလုပ်ဆောင်ရမယ်လို့ ဆိုရှယ်မီဒီယာမှာ ဇလန်းစကီးက ပို့စ်တင်ထားပါတယ်။

ယူကရိန်းကို F-16 တိုက်လေယာဉ်တွေ ထောက်ပံ့ထားတာကြောင့် လေယာဉ်မောင်းနှင်မှု အစီအစဉ်ကို ထပ်ပြီး တိုးချဲ့ဖွယ်ရှိပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013