Home
နိုင်ငံတကာ
တွင်းထွက်သတ္တုသဘောတူညီချက်က ဗာတီကန်ဆွေးနွေးပွဲ ပထမရလဒ်ဖြစ်ဟု ဇလန်းစကီး ပြော
DVB
·
May 2, 2025
Photo: Reuters

အမေရိကန်နဲ့ ချုပ်ဆိုခဲ့တဲ့ တွင်းထွက်သတ္တုထုတ်ယူရေးဆိုင်ရာ သဘောတူညီချက် စာချုပ်ဟာ အမှန်တကယ် ညီမျှပြီး မျှတတဲ့ သဘောတူညီမှုဖြစ်ကြောင်း ယူကရိန်းသမ္မတ ဇလန်းစကီးက‌ ပြောပါတယ်။

ဒီသဘောတူညီချက်ဟာ ဇလန်းစကီးနဲ့ အမေရိကန်သမ္မတ ထရမ့်ပ်တို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်ရဲ့ ဈာပနမှာ ဆွေးနွေးမှုရဲ့ ပထမရလဒ် ဖြစ်ပါတယ်။

တွင်းထွက်သတ္တုထုတ်ယူရေး သဘောတူညီချက်ဟာ ယူကရိန်းနိုင်ငံမှာ စက်မှုလုပ်ငန်း ခေတ်မီဖို့ လမ်းကြောင်းဖွင့်ပေးတာဖြစ်ကြောင်း ဇလန်းစကီးက ပြောပါတယ်။

ထရမ့်ပ်က အမေရိကန်ရဲ့ ပေါ်လစီက ယူကရိန်းစစ်ပွဲမှာ ဇလန်းစကီးကို မကြာခဏ ဝေဖန်ခဲ့ပြီး ရုရှားကို ထောက်ခံတဲ့ဘက်ကို သွားနေတာကြောင့် ဇလန်းစကီး အနေနဲ့ ထရမ့်ပ်နဲ့ ဆက်ဆံရေးမှာ ရလဒ်ထွက်ဖို့ ဖိအားနဲ့ ရင်ဆိုင်ခဲ့ရပါတယ်။

အမေရိကန်နဲ့ တွင်းထွက်သတ္တုထုတ်ယူရေး သဘောတူညီချက်စာချုပ်ဟာ ယူကရိန်း-အမေရိကန် တို့အတွက် အရေးကြီးတဲ့ အမှတ်အသားဖြစ်ပြီး ယူကရိန်းရဲ့ စီးပွားရေးနဲ့ လုံခြုံရေးအင်အား တိုးမြှင့်စေဖို့ ရည်ရွယ်တဲ့အကြောင်း ယူကရိန်းနိုင်ငံခြားရေးဝန်ကြီးက ပြောထားပါတယ်။

ယူကရိန်းနဲ့ အမေရိကန်တို့ဟာ ဆွေးနွေးညှိနှိုင်းမှုတွေ အဆင်မပြေဖြစ်ခဲ့ပြီးနောက် ဧပြီ ၃၀ ရက်မှာ ၂ နိုင်ငံ လက်မှတ်ရေးထိုးနိုင်ခဲ့တာ ဖြစ်ပါတယ်။

ယူကရိန်းနိုင်ငံဟာ ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလကတည်းက ရုရှားရဲ့ ကျူးကျော်မှု ခံနေရပြီး အမေရိကန်ရဲ့ စစ်လက်နက်ပစ္စည်း ထောက်ပံ့မှုအပေါ် အဓိက မှီခိုနေရပါတယ်။

ယူကရိန်း-ရုရှား ၂ နိုင်ငံ ငြိမ်းချမ်းရေးရဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှု စတင်ကတည်းက ရုရှားဟာ တိုက်ခိုက်မှုတွေ ပိုပြီးပြုလုပ်ခဲ့တယ်လို့လည်း ယူကရိန်းက ပြောထားပါတယ်။

ရုရှားနဲ့ ယူကရိန်း အပစ်အခတ်ရပ်စဲရေးအတွက် သဘောတူညီချက် မရတာကြောင့် အမေရိကန်က စိတ်ပျက်ကြောင်း ရိုက်တာက ဖော်ပြပါတယ်။

ရုရှားသမ္မတ ပူတင်က ငြိမ်းချမ်းရေးအတွက် ရှေ့ဆက်မတိုးတဲ့အပေါ် ထရမ့်ပ်က စိတ်ပျက်တဲ့ပုံစံ ပြသခဲ့တယ်လို့ ရိုက်တာက ဖော်ပြပါတယ်။

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013