
စပိန်နဲ့ ပေါ်တူဂီနိုင်ငံတို့ရဲ့ နယ်မြေအစိတ်အပိုင်းအများအပြားမှာ လျှပ်စစ်မီးပြတ်တောက်လို့ မီးပွိုင့်တွေ ပိတ်သွားခဲ့ပြီး ခရီးသွားအချက်အချာကျတဲ့ နေရာတွေမှာ ရှုပ်ထွေးမှုတွေ ဖြစ်ခဲ့ပါတယ်။
စပိန်နိုင်ငံမှာ မီးရထားအသွားအလာအားလုံး ရပ်သွားပြီး ပေါ်တူဂီနိုင်ငံမှာတော့ မီးပွိုင့်မီးပျက်တဲ့ အန္တရာယ်ကြောင့် မလိုအပ်ဘဲ ခရီးမသွားဖို့ အာဏာပိုင်တွေက သတိပေးထားပါတယ်။
စပိန် မဟာဓာတ်အားလိုင်း အော်ပရေတာ Red Electrica က “လျှပ်စစ်မီး ပြန်ရဖို့ ဆက်ကြိုးပမ်းနေဆဲပါ။ လျှပ်စစ်ဓာတ်အားကို နိုင်ငံ နေရာတချို့မှာ ပြန်ရနေပြီ”လို့ ပြောပါတယ်။
အစောပိုင်းက ဓာတ်အားပြန်ရဖို့ ၆ နာရီကနေ ၁၀ နာရီကြား ကြာနိုင်တယ်လို့ ပြောထားတာပါ။ ရုတ်တရက် မီးပျက်ရတဲ့ အကြောင်းရင်းကို ရှင်းရှင်းလင်းလင်း မသိရသေးပေမဲ့ အရင်းအမြစ် အားလုံးကို ဖြေရှင်းဖို့ နှစ်မြှုပ်ကြိုးစားနေတယ်လို့ စပိန်အမျိုးသားမဟာဓာတ်အားလိုင်း အော်ပရေတာက ပြောပါတယ်။
Source: Reuters