
အာဆင်နယ်အသင်းဟာ ဆိုစီဒက်ကွင်းလယ်လူ ဇူဘီမန်ဒီကို လက်ဦးမှုရယူပြီး ခေါ်ယူနိုင်ဖို့ နီးစပ်နေပါတယ်။
စပိန်လက်ရွေးစင်ကစားသမားကို ရီးရဲလ်မက်ဒရစ်အသင်းကလည်း ခေါ်ယူဖို့ ဆွေးနွေးနေတာကြောင့် အာဆင်နယ်အသင်းဘက်က လက်ဦးမှု ရယူနိုင်ဖို့ ကြိုးပမ်းလာခဲ့တာပါ။
အသက် ၂၆ နှစ်ရှိ ကွင်းလယ်လူကို လီဗာပူးအသင်းကလည်း ခေါ်ယူနိုင်ဖို့ အလွန်နီးစပ်ခဲ့ပေမဲ့ အဆင်မပြေ ဖြစ်ခဲ့တာပါ။
ESPN ရဲ့ အဆိုအရ အာဆင်နယ်ဟာ ဇူဘီမန်ဒီအတွက် နောက်ဆုံးအဆင့် ဆွေးနွေးခဲ့ပြီးသား ဖြစ်တယ်လို့ ဖော်ပြပါတယ်။
ဇူဘီမန်ဒီဟာ ဆိုစီဒက်မှာ အဆင်ပြေနေကြောင်း ပြောဆိုထားဖူးပေမဲ့ လက်ရှိဘောလုံးရာသီမှာ လာလီဂါအဆင့် ၁၀ အထိ ရောက်နေတာကြောင့် လာမယ့်ရာသီမှာ အသင်းပြောင်းရွှေ့လိမ့်မယ်လို့ ခန့်မှန်းသုံးသပ်ကြပါတယ်။
Photo;Reuters