Home
နိုင်ငံတကာ
အစ္စရေးတွင် အစိုးရဆန့်ကျင်ဆန္ဒပြသူများနှင့် ရဲတပ်ဖွဲ့ ရုန်းရင်းဆန်ခတ်ဖြစ်
DVB
·
April 23, 2025
Photo: REUTERS/Marko Djurica

အစ္စရေးနိုင်ငံ တဲလ်အဗစ်မြို့ လမ်းမတွေပေါ်မှာ ဝန်ကြီးချုပ် ဘင်ဂျမင်နေတန်ယာဟုရဲ့ အစိုးရ ရာထူးကနေ နုတ်ထွက်ပေးဖို့ ပြည်သူ ဒါဇင်ပေါင်းများစွာ ဧပြီ ၂၁ ရက် ညနေက ဆန္ဒပြခဲ့ကြပါတယ်။

မြို့လယ်ကောင်က လမ်းတခုကို သိမ်းပိုက်ဖို့ ကြိုးပမ်းလို့ ဆန္ဒပြသူတချို့ကို ရဲတပ်ဖွဲ့က အတင်းအကျပ် ဖယ်ရှားခဲ့ပါတယ်။

အစ္စရေးအနေနဲ့ ဂါဇာကမ်းမြောင်ကနေ အပြည့်အဝ ဆုတ်ခွာပြီး ပဋိပက္ခကို ရပ်တန့်ဖို့ လိုအပ်ရင်တောင် ဟားမတ်စ်နဲ့ သဘောတူညီချက်တရပ်လုပ်ဖို့ ဓားစာခံ မိသားစုဝင်တွေနဲ့ အပတ်စဉ် ဆန္ဒပြသူတွေက နေတန်ယာဟုရဲ့ လက်ယာအစိုးရကို တောင်းဆိုခဲ့ပါတယ်။

ဂါဇာကမ်းမြောင်ဒေသကို အစ္စရေးတပ်ဖွဲ့တွေက ဆက်လက် ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရုဏ်မတက်မီ တိုက်ခိုက်မှုအတွင်း တောင်ပိုင်း ခန်းယူးနစ်မြို့ က အမျိုးသမီး ၂ ယောက်နဲ့ ကလေးငယ် ၂ ယောက် အပါအဝင် ပါလက်စတိုင်း ၁၈ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

လွန်ခဲ့တဲ့ ၁၈ လကတည်းက အစ္စရေးရဲ့ ဂါဇာကမ်းမြောင်စစ်ပွဲမှာ ပါလက်စတိုင်း ၅၁,၂၄၀ ထက်မနည်း သေဆုံးပြီး ၁၁၆,၉၃၁ ယောက် ဒဏ်ရာရခဲ့တယ်လို့ အတည်ပြုထားပါတယ်။

အပျက်အစီးတွေအောက်မှာ ပျောက်ဆုံးနေသူ ထောင်ပေါင်းများစွာ သေဆုံးနေပြီလို့ ယူဆရလို့ သေဆုံးသူဦးရေ ၆၁,၇၀၀ ကျော်ရှိပြီလို့ ဂါဇာကမ်းမြောင်ဒေသ အစိုးရမီဒီယာရုံးက ဆိုပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်က ဟားမတ်စ် ဦးဆောင်တဲ့ တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ လူ ၁,၁၃၉ ယောက်ထက်မနည်း သေဆုံးခဲ့ပြီး ၂၀၀ ကျော်ကို ဟားမတ်စ်တွေက ဖမ်းဆီးထားခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013