Home
နိုင်ငံတကာ
အရပ်သားပစ်မှတ်များကို တိုက်ခိုက်မှု ရပ်တန့်ရေး ဆွေးနွေးရန် ယူကရိန်း အသင့်ရှိ
DVB
·
April 22, 2025
Photo : Reuters

အရပ်သားပစ်မှတ်တွေကို တိုက်ခိုက်မှု အဆုံးသတ်ရေး ယူကရိန်းက သူ့ရဲ့အဆိုပြုချက်ကို လိုက်နာပြီး အောင်မြင်စေဖို့ ဘယ်လိုပုံစံနဲ့မဆို ဆွေးနွေးဖို့ အသင့်ရှိတယ်လို့ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီးက ဧပြီ ၂၁ ရက်မှာ ပြောပါတယ်။

အနည်းဆုံး အရပ်သားပစ်မှတ်တွေကို မတိုက်ခိုက်ဖို့ အဆိုပြုချက်ကို ယူကရိန်းက ဆက်ထိန်းထားပါတယ်။

“ရုရှားအစိုးရဆီက ရှင်းရှင်းလင်းလင်း တုံ့ပြန်မှုကို ကျနော်တို့ မျှော်လင့်နေပါတယ်” လို့ ဇလန်းစကီးက ညစဉ်ပြောတဲ့ ဗီဒီယိုမိန့်ခွန်းအတွင်း ပြောပါတယ်။

“ဒါကို အောင်မြင်အောင် ဘယ်လိုလုပ်ရမလဲဆိုတဲ့ စကားဝိုင်းအတွက် ကျနော်တို့ အဆင်သင့်ပါပဲ” လို့လည်း သူက ပြောခဲ့ပါတယ်။

ရုရှားနဲ့ သုံးနှစ်ကျော်ကြာ စစ်ပွဲအတွက် ပြေလည်မှုရရေး အနောက်နိုင်ငံတွေနဲ့ ဆွေးနွေးဖို့ ယူကရိန်းအစိုးရ ကိုယ်စားလှယ်အဖွဲ့တဖွဲ့ကို လန်ဒန်ဆီ ဗုဒ္ဓဟူးနေ့က လွှတ်ထားတယ်လို့ ဇလန်းစကီးက တနင်္လာနေ့မှာ ပြောပါတယ်။

ဆွေးနွေးပွဲတွေမှာ ခြွင်းချက်မရှိ အပစ်အခတ်ရပ်စဲရေးကို တွန်းအားပေးဖို့ အဓိက တာဝန်ရှိတယ်လို့လည်း ဇလန်းစကီးက ပြောခဲ့ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013