
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ဟားဗတ်တက္ကသိုလ်က တောင်းပန်တာကို မြင်ချင်တယ်လို့ သမ္မတ အိမ်ဖြူတော်က ဧပြီ ၁၅ ရက်မှာ ပြောလိုက်ပါတယ်။
ဟားဗတ်တက္ကသိုလ်ကို အခွန်ကင်းလွတ်ခွင့် အဆင့်အတန်းကနေ ဖယ်ရှားနိုင်ခြေရှိမရှိကို သမ္မတက စဉ်းစားနေသလားလို့ မေးချိန်မှာ ခုလိုပြောလိုက်တာပါ။
သူတို့က ဖယ်ဒရယ် ဥပဒေကို လိုက်နာရမယ်လို့ သတင်းစာရှင်းလင်းပွဲအတွင်း အိမ်ဖြူတော် ပြန်ကြားရေးအတွင်း၀န် ကာရိုလိုင်း လေဗစ်က သတင်းထောက်တွေကို ပြောပါတယ်။
ကောလိပ်ကျောင်းဝင်းထဲမှာ ဖြစ်ပွားခဲ့တဲ့ ဂျူးအမေရိကန် ကျောင်းသားတွေအပေါ် ကျူးလွန်နေတဲ့ ဆီမိုက်မျိုးနွယ်စုတွေကို ဆန့်ကျင်ရေး အစွန်းရောက်ဝါဒအတွက် ဟားဗတ်က တောင်းပန်သင့်ပါတယ် လို့လည်း သူက ဆက်ပြောပါတယ်။
ဧပြီ ၁၄ ရက်မှာ ဟားဗတ်က ထရမ့်ပ်အစိုးရရဲ့ တောင်းဆိုချက် အများအပြားကို ပယ်ချခဲ့ပြီး တက္ကသိုလ်တွေကို အန္တရာယ်ရှိတဲ့ လက်ဝဲဝါဒီအဖြစ် ပုံဖော်ထားတဲ့ ရှေးရိုးစွဲအစိုးရဆီ ကျောင်းကို မပေးဘဲ ထိန်းချုပ်ထားမယ်လို့ ပြောထားပါတယ်။
Source : Reuters