Home
မြန်မာသတင်း
ငလျင်ဒဏ်သင့် အဆောက်အအုံများကို အကဲဖြတ်ရန် Earthquake Clinic များ ဖွဲ့စည်း 
DVB
·
April 13, 2025
Earthquake 2_ 13042025

ငလျင်ဒဏ်ခံလိုက်ရတဲ့ အဆောက်အအုံတွေ အသုံးပြုနိုင်မယ့်အခြေအနေကို အကဲဖြတ်ဖို့၊ မြန်မြန်ပြန်သုံးနိုင်ဖို့ စိစစ်တာနဲ့ အရေးပေါ်တုံ့ပြန်တာ စတဲ့လုပ်ငန်းတွေအတွက် Earthquake Clinic တွေကိုဖွဲ့စည်းလိုက်တယ်လို့ မြန်မာနိုင်ငံအင်ဂျင်နီယာအသင်းချုပ်နဲ့ မြန်မာနိုင်ငံ ငလျင်ကော်မတီက ဧပြီ ၁၃ ရက်မှာ ထုတ်ပြန်ပါတယ်။

အဆောက်အအုံတွေရဲ့အခြေအနေကို စနစ်တကျစစ်ဆေးနိုင်ဖို့ စိတ်ပါဝင်စားပြီး လုပ်အားပေးလိုတဲ့ အင်ဂျင်နီယာတွေကို ဖိတ်ခေါ်ပြီး Earthquake Clinic တွေကို နေပြည်တော်၊ ရန်ကုန်၊ မန္တလေးနဲ့ စစ်ကိုင်း စတဲ့ မြို့ကြီးတွေမှာ ဧပြီ ၉ ရက်နေ့ကစလို့ ဖွဲ့စည်းခဲ့တယ်လို့ ဆိုပါတယ်။

ငလျင်အပြီး အဆောက်အအုံတွေရဲ့ အသုံးပြုနိုင်မှုအခြေအနေကို အကဲဖြတ်တာနဲ့ ပြန်သုံးနိုင်မယ့် အဆောက်အအုံတွေကို မြန်မြန်သုံးနိုင်အောင် စိစစ်ပေးတာ၊ အရေးပေါ်တုံ့ပြန်တာနဲ့ ပြန်လည် တည်ဆောက်ရေးလုပ်ငန်းတွေအတွက် စဉ်ဆက်မပြတ်စောင့်ကြည့်ပြီး လိုအပ်ချက်တွေကို တနေရာတည်းမှာ စုစည်းထောက်ပံ့ပေးနိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အင်ဂျင်နီယာဆိုင်ရာလုပ်ငန်းတွေ၊ စီမံခန့်ခွဲမှုပိုင်းဆိုင်ရာလုပ်ငန်းတွေ၊ ကျန်းမာရေးဆိုင်ရာ လုပ်ငန်းတွေ၊ စိတ်ဖိစီးမှုဖြေသိမ့်ပညာပေးတာ၊ အမွေအနှစ် အဆောက်အအုံတွေ ထိန်းသိမ်းရေး ဆိုင်ရာလုပ်ငန်း စတဲ့ နယ်ပယ်ပေါင်းစုံပါဝင်တဲ့ အများအသုံးပြုနိုင်တဲ့ Open Platform တခုအဖြစ် ချိတ်ဆက်ဆောင်ရွက်သွားဖို့လည်း ရည်ရွယ်တယ်လို့ ဆိုပါတယ်။

အဆောက်အအုံတွေကို ပြန်လည်အသုံးပြုနိုင်စွမ်း ဆန်းစစ်ပြီးတာနဲ့တပြိုင်နက်  ပြန်လည်ပြုပြင်တာမှာ နည်းပညာပိုင်းဆိုင်ရာကူညီပေးနိုင်ဖို့ လုပ်အားပေး အင်ဂျင်နီယာတွေက ဆက်သွယ်မယ်လို့ ထုတ်ပြန်ထားပါတယ်။

Earthquake Clinic တွေကိုေတခြားမြို့ကြီးတွေမှာလ်း တိုးချဲ့ဖွင့်လှစ်ပြီး အရေးပေါ်တုံ့ပြန်ရေး လုပ်မှာဖြစ်လို့ ဆက်သွယ်နိုင်မယ့်ဖုန်းနံပါတ်တွေကိုလည်း ထုတ်ပြန်ပေးထားပါတယ်။

ဆက်သွယ်ရန်လိပ်စာများ

Mandalay Earthquake Clinic Coordinator Team (MECL01)

၁။ မခင်သီတာသုန် 095035608

၂။ ကိုကျော်ဇင်ဟိန်း  092035867

၃။ ကိုညီညီဝင်းထွဋ် 09454678830

Mandalay Earthquake Clinic Coordinator Team (MECL02)

၁။ ဒေါက်တာလှမျိုးအောင် 09444002920

၂။ ကိုကောင်းထိုက်ဇော်  09402698132

၃။ ကိုကျော်စွာဝင်း 09779574472

၄။ မမွန်မွန်ကျော်  09402619494

Naypyitaw Earthquake Clinic Coordinator Team (NECL01)

၁။ ဦးမျိုးအောင်  095037150

၂။ ဦးဘငြိမ်း 095409670

၃။ ကိုဇော်လင်းနိုင် 0943150934

Sagaing Earthquake Clinic Coordinator Team (SECL01)

၁။ မအေးအေးကြွယ် 09402551555

၂။ ကိုအောင်ကြည်စိုး 092003572

၃။ ဦးထိန်ဝင်း 09977256302

၄။ ဒေါ်ဝင့်ဝင့်လင်း 09797954877

Yangon Earthquake Clinic Coordinator Team (YECL01)

၁။ ကိုစောပြည့်အောင် 09972115433

၂။ မစန်းစန်းသွင် 095156194

၃။ မစုစုလှိုင် 09696111420

၄။ ဒေါက်တာသက်မွန်စမ်း 09790883116

၅။ မအိအိဖြူ 09250055433

၆။ ကိုအောင်ဆင့်မြတ် 09978909634

၇။ မချောစုဝင်း 09785394814

၈။ ကိုဝေရာအောင် 09456672293

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013