
အသင်းတွေရဲ့ ကမ်းလှမ်းမှုတိုင်းကို လက်ခံစဉ်းစားသွားမယ်လို့ မန်စီးတီး ကွင်းလယ်လူ ကီဗင် ဒီဘရိုင်းက ပြောသွားပါတယ်။
ဘယ်လ်ဂျီယံကွင်းလယ်ကစားသမားဟာ အခုနှစ်ရာသီအကုန်မှာ မန်စီးတီးကနေ ထွက်ခွါမှာဖြစ်ပြီး အသင်းသစ် ပြောင်းရွှေ့တော့မှာပါ။
ရာသီပြီးဆုံးချိန်မှာ ကမ်းလှမ်းလာတဲ့ ဘယ်လို ပရောဂျက်မျိုးကိုမဆို လက်ခံစဉ်းစားသွားမှာ ဖြစ်ကြောင်း ဘောလုံးကို ချစ်မြတ်နိုးတာကြောင့် ဘောလုံးကစားခွင့်ရဖို့ လိုအပ်ပြီး မိသားစုဝင်တွေအတွက်လည်း အဆင်ပြေစေမယ့် ကမ်းလှမ်းမှုရရှိမယ်ဆိုရင် ဆုံးဖြတ်ချက်ချမှတ်သွားမှာဖြစ်ကြောင်း ဒီဘရိုင်းက ပြောပါတယ်။
အသက် ၃၃ နှစ်ရှိဒီဘရိုင်းကို ဆော်ဒီပရိုလိဂ်ကလပ်တွေက ခေါ်ယူဖို့ ကမ်းလှမ်းထားသလို အမေရိကန် မေဂျာလိဂ်ကလပ် အင်တာမိုင်ယာမီအသင်းကလည်း ခေါ်ယူဖို့ ကြိုးပမ်းနေပါတယ်။