Home
မြန်မာသတင်း
ပျော်ဘွယ်၌ မြေတူးစက်မလုံလောက်သဖြင့် ငလျင်ဘေး ပြန်လည်ထူထောင်ရေး ခက်ခဲ
DVB
·
April 12, 2025

မန္တလေးတိုင်း၊ ပျော်ဘွယ်မြို့နယ်မှာ ငလျင်ကြောင့်ထိခိုက်မှုများခဲ့ပြီး ငလျင်လှုပ်ခတ်ပြီးတာ သတင်း ၂ ပတ်ကျော်ရှိလာပြီဖြစ်ပေမဲ့ ပြန်လည်ထူထောင်ရေးလုပ်ငန်းတွေဆောင်ရွက်ဖို့ ခက်ခဲနေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

ငလျင်ကြောင့် ပျော်ဘွယ်မြို့ မြင်းဘက်ရပ်ကွက်က လူနေအိမ် ၁၀၅ လုံး၊ မြို့မရပ်ကွက်က လူနေအိမ် ၄၈ လုံး၊ မန္တလေးတန်းရပ်ကွက်က လူနေအိမ် ၂၉ လုံး၊ ရှမ်းပွဲရပ်ကွက် လူနေအိမ် ၂၆ လုံးအပါအဝင် လူနေအိမ် စုစုပေါင်း ၂၁၇ လုံးထိခိုက်ပျက်စီးခဲ့ရပါတယ်။

ပျော်ဘွယ်မြို့ခံတယောက်က“ရှင်းလင်းလို့ကို မရသေးဘူး ကျနော်တို့ ဘက်ဟိုးတွေနဲ့ ကုပ်တုန်းပဲ ရှိသေးတယ်။ ပြန်လည်ထူထောင်ရေးလည်း မလုပ်နိုင်သေးဘူးလေ။ သူတို့အိမ်ရဲ့ အပြိုတောင်မှ မဖယ်ရသေးဘူးလေ။ တချို့တဝက်တွေပဲ ဖယ်ရသေးတာ၊ အလုံးစုံ သန့်ရှင့်ရေး မလုပ်ရသေးဘူးလေ။ ဘက်ဟိုးတွေကလည်း တအိမ်နဲ့ တအိမ်ဆိုတော့ ချက်ချင်းမရဘူးလေ၊။ မပြေဘူးတော့မဟုတ်ဘူးပေါ့၊ အချိန်ခဏတော့ ပေးရမှာပေါ့၊ ရှိတဲ့ ဘက်ဟိုးနဲ့ ကုပ်နေရတာဆို တော့လေ” လို့ ပြောပါတယ်။

ပျက်စီးသွားတဲ့နေအိမ်တွေကို မြေတူးစက်တွေနဲ့တူးပြီးဖယ်ရှားကာ ရှင်းလင်းရေး လုပ်ဆောင်နေပြီး မြေတူးစက် မလုံလောက်တာတွေ ကြုံနေရတယ်လို့ မြို့ခံတွေက‌ ပြောကြပါတယ်။

ပျက်စီးသွားတဲ့ နေအိမ်တွေက  ပြည်သူတွေဟာ မပျက်စီးဘဲကျန်ရှိတဲ့ ဘုန်းကြီးကျောင်းနဲ့ စာသင်ကျောင်းတွေမှာ  စုဝေးနေထိုင်နေကြရတယ်လို့ သိရပါတယ်။

ငလျင်ကြောင့် ပျော်ဘွယ်မြို့ပေါ်မှာနေထိုင်ကြတဲ့ ပြည်သူ ၂၁၁ ယောက်သေဆုံးခဲ့ပြီး ၁၇၁ ယောက်ထိခိုက် ဒဏ်ရာရရှိခဲ့တယ်လို့ သိရပါတယ်။

မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီးလှုပ်ရှားခဲ့တဲ့ အင်အား  ရစ်ချ်တာစကေး  ၇ ဒသမ ၇ ရှိတဲ့ ငလျင်ကြီးကြောင့် မြန်မာနိုင်ငံအနှံ့ကပြည်သူ ၄၃၅၅ ယောက်သေဆုံးပြီး ကျပ်ငွေ  သန်းပေါင်း ၁၉၆၄,၉၄၁.၃၅ ဖိုး ပျက်စီးဆုံးရှုံးခဲ့ရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013