Home
မြန်မာသတင်း
မြန်မာငလျင်ဘေးကူညီရန် လူသားစာနာပံ့ပိုးငွေ ဒေါ်လာ ၁၃၇ သန်းပေးမည်ဟု တရုတ် ကတိပြု
DVB
·
April 11, 2025
Photo : Chinese Embassy

မြန်မာငလျင်ဘေးသင့်နေရာတွေကို ယွမ် ၁ ဘီလီယံ (ဒေါ်လာ ၁၃၇ သန်း) လူသားချင်းစာနာမှု အရေးပေါ်ပံ့ပိုးမှု ပြုလုပ်သွားမယ်လို့ တရုတ်နိုင်ငံက ကတိပြုတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ တရုတ်သံရုံးက  ပြောပါတယ်။

မတ် ၂၈ ရက်က လှုပ်ခတ်ခဲ့တဲ့ ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဆောက်အအုံတွေ ပြိုပျက်ခဲ့ပြီး ငလျင်ဒဏ်သင့်နေရာတွေမှာ စားစရာ၊ ရေနဲ့ ခိုလှုံရာနေရာတွေ ဆက်ပြီး လိုအပ်နေပါတယ်။

တရုတ်သံရုံးရဲ့  ဧပြီ ၁၀ ရက် သတင်း ထုတ်ပြန်ချက်မှာ အရေးပေါ်လိုအပ်နေတဲ့ စားစရာ၊ ဆေးဝါးနဲ့ အသင့်သုံးအိမ်တွေကို ပံ့ပိုးသွားမယ်လို့ ပါရှိပါတယ်။

တရုတ်နိုင်ငံဟာ ဆေးဝါးကုသမှု၊ ဘေးအန္တရာယ် ကိုင်တွယ်ရာမှာ ကျွမ်းကျင်အဖွဲ့တွေနဲ့ ကူးစက်ရောဂါ ပြန့်ပွားမှုကိုလည်း ကာကွယ်ပေးမယ်လို့ ပါရှိပါတယ်။

မြန်မာနိုင်ငံ ငလျင်အရေးမှာ တရုတ်နိုင်ငံက ဆေးအဖွဲ့တွေ၊ ငလျင်ပညာရှင်တွေ၊ ကယ်ဆယ်ရေးခွေးတွေနဲ့ ဆေးရုံလုပ်သားတွေ စေလွှတ်ခဲ့ပြီး ပထမဆုံး အကူအညီပေးရေး အဖွဲ့တွေ စေလွှတ်ခဲ့တဲ့နိုင်ငံ ဖြစ်ပါတယ်။

မြန်မာနိုင်ငံကို စေလွှတ်ခဲ့တဲ့ တရုတ်ကယ်ဆယ်ရေးအဖွဲ့ ၃၀ ကျော်ရှိပြီး ငလျင်ကြောင့် ဆုံးရှုံးမှုတွေကို တွက်ချက်ဖို့နဲ့ ပြန်လည်တည်ဆောက်ရေးတို့မှာ ပါဝင်ဆောင်ရွက်နေပါတယ်။ တရုတ်နိုင်ငံ ကြက်ခြေနီအဖွဲ့ကလည်း ယွမ် ၁ ဒသမ ၅ သန်း (ဒေါ်လာ ၂၀၆,၀၀၀) ကူညီပေးထားပါတယ်။

တရုတ်ရှာဖွေရေးနဲ့ ကယ်ဆယ်ရေးအဖွဲ့တွေဟာ ဧပြီ ၉ ရက်မှာ တာဝန်ပြီးဆုံးပြီး မြန်မာနိုင်ငံကနေ ပြန်ထွက်ခွာခဲ့တယ်လို့ တရုတ်သံရုံးက ဖော်ပြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013