Home
နိုင်ငံတကာ
အမေရိကန်စည်းကြပ်ခွန်ဒဏ်ခံရသည့် ကားလုပ်ငန်းအတွက် အရေးပေါ်အစီအမံ ကိုရီးယား ကြေညာ
DVB
·
April 9, 2025
Photo: REUTERS/Kim Hong-Ji

တောင်ကိုရီးယားနိုင်ငံဟာ အမေရိကန်ရဲ့ အခွန်စည်းကြပ်မှုဒဏ်ခံရတဲ့ သူ့ရဲ့ မော်တော်ကား လုပ်ငန်းအတွက် အရေးပေါ်ပံ့ပိုးကူညီမှု အစီအမံကို ဧပြီ ၉ ရက်မှာ ကြေညာပါတယ်။

ဒါဟာ နှစ်ပေါင်းများစွာ အမေရိကန်ကို မော်တော်ယာဉ်တင်ပို့မှု သိသိသာသာ မြင့်တက်ခဲ့တဲ့ကဏ္ဍအပေါ် အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်ရဲ့ စည်းကြပ်ခွန် ထိုးနှက်ချက်ကို လျှော့ချဖို့  ကိုရီးယားအစိုးရက ကြိုးစားတာ ဖြစ်ပါတယ်။

ထရမ့်ပ်ဟာ ကြာသပတေးနေ့ကစပြီး တင်သွင်းလာမယ့် မော်တော်ကားတွေနဲ့ လိုက်ထရပ်ကားတွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်ခံမယ်လို့ ကြေညာခဲ့ပါတယ်။

အဲဒီအခွန်စည်းကြပ်မှုဟာ နှစ်စဉ် ဒေါ်လာ ၄၆၀ ဘီလီယံ တန်ဖိုးရှိ မော်တော်ယာဉ်တွေနဲ့ မော်တော်ယာဥ် အစိတ်အပိုင်းတွေ တင်သွင်းမှုအပေါ် အကျုံးဝင်တာကို ရိုက်တာရဲ့ လေ့လာဆန်းစစ်မှုတခုအရ သိရပါတယ်။

ငွေဖြစ်လွယ်မှု ပြဿနာတွေကို ကူညီတားဆီးဖို့ အစိုးရက မော်တော်ကား ထုတ်လုပ်သူတွေအတွက် ဘဏ္ဍာငွေထောက်ပံ့မှု မူဝါဒကို မြှင့်တင်မှာဖြစ်ပြီး အရင်က ဝမ် ၁၃ ထရီလီယံ (၈ ဒသမ ၈ ဘီလီယံ) စီစဉ်ထားတာကနေ ၂၀၂၅ ခုနှစ်မှာ ဝမ် ၁၅ ထရီလီယံ (ဒေါ်လာ ၁၀ ဒသမ ၁၈ ဘီလီယံ) အထိ ရှိကြောင်း သိရပါတယ်။

အစိုးရက မော်တော်ယာဉ်ဝယ်ယူမှုအပေါ် အခွန်ကောက်ခံမှုကို ၂၀၂၅ ဇွန်လအထိ လက်ရှိ ၅ ရာခိုင်နှုန်းကနေ ၃ ဒသမ ၅ ရာခိုင်နှုန်းအထိ လျှော့ချပေးမှာ ဖြစ်ပါတယ်။

ဒါ့အပြင် လျှပ်စစ်-မော်တော်ယာဥ် ထောက်ပံ့ကြေးတွေကိုလည်း ဈေးနှုန်းလျှော့ဈေး လက်ရှိ ၂၀ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းမှ ၈၀ ရာခိုင်နှုန်းအထိ တိုးပေးမှာဖြစ်ပြီး ကာလအားဖြင့် ဒီနှစ်ကုန်အထိ ၆ လ သက်တမ်းတိုးပေးသွားမှာ ဖြစ်ပါတယ်။

၂၀၂၄ ခုနှစ်မှာ အမေရိကန်ကို တောင်ကိုရီးယားရဲ့ မော်တော်ယာဥ်တင်ပို့မှုမှာ အမေရိကန်ဒေါ်လာ ၃၄ ဒသမ ၇ ဘီလီယံရှိပြီး သူ့ရဲ့ စုစုပေါင်း မော်တော်ကားတင်ပို့မှုရဲ့ ၄၉ ရာခိုင်နှုန်း ရှိပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013