Home
မြန်မာသတင်း
နောင်ချိုအနီး နမ့်ဆောင်ဟူးရွာကို စစ်တပ်က ဗုံးကြဲသဖြင့် နေအိမ် ၄ လုံးပျက်စီး
DVB
·
April 6, 2025
Bombing attack

ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ထဲက နမ့်ဆောင်ဟူးရွာထဲကို စစ်ကောင်စီတပ်က ဧပြီ ၅ ရက်မှာ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် နေအိမ် ၄ လုံး ပျက်စီးခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

တိုက်ပွဲမရှိဘဲနဲ့ ဧပြီ ၅ ရက်နေ့ ည ၁၀ နာရီကျော်မှာ ရွာထဲကို လေကြောင်းကနေ ဗုံး ၃ လုံး ကြဲချတိုက်ခိုက်ခဲ့တာလို့ ဒေသခံတယောက်က ပြောပါတယ်။

“ရွာကိုကြဲတာ၊  မနေ့ညက ၃ လုံးကြဲချတယ်။ လေယာဥ်ကြဲတဲ့နေရာက တိုက်ပွဲနေရာလည်း မဟုတ်ဘူး။” 

စစ်ကောင်စီတပ်က ငလျင်ကြောင့် ၂၁ ကြာ အပစ်အခတ်ရပ်စဲမယ်လို့ ပြောပေမဲ့ အရပ်သားပြည်သူတွေ ရှိရာနေရာကို ဗုံးကြဲနေဆဲပဲ ဖြစ်ပါတယ်။

ဓနုပြည်သူ့လွတ်မြောက်ရေးတပ်တော် (DPLA) ဥက္ကဋ္ဌ ကိုထွန်းထွန်းနိုင်က “မင်းအောင်လှိုင်စကားကတော့ ဘာတလုံးမှကို ယုံစရာမရှိဘူး။ လက်တွေ့လည်း အများကြီး။ ၄ နှစ်ကျော်တောင်မကဘူး နှစ်ပေါင်း ၆၀ ကျော်ပြီ။ ယုံစရာစကားလည်း မရှိပါဘူးပေါ့လေ” လို့ ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၄ ဇူလိုင်လအတွင်း TNLA ပူးပေါင်းတပ်တွေက နောင်ချိုမြို့သိမ်းတိုက်ပွဲပြီးချိန်မှာ စစ်ကောင်စီက နမ့်ဆောင်ဟူးရွာထဲကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ခုတခေါက်ကတော့ ဒုတိယအကြိမ်ဖြစ်တယ်လို့ သိရပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013