Home
မြန်မာသတင်း
မြန်မာငလျင်အတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် ဘင်းမ်စတက်အစည်းအဝေး၌ ၁ မိနစ် ငြိမ်သက်
DVB
·
April 3, 2025
Photo: Reuters

စစ်ကောင်စီ ဒုဝန်ကြီးချုပ်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးသန်းဆွေ အပါအဝင် ဘင်းမ်စတက် နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဧပြီ‌ ၃ ရက်က ဘန်ကောက်မှာကျင်းပတဲ့ ဒေသတွင်း အစည်းအဝေးမှာ မြန်မာငလျင်ဘေးနဲ့ပတ်သက်ပြီး ဝမ်းနည်းခြင်း အထိမ်းအမှတ်အဖြစ် တမိနစ် ငြိမ်သက်ခဲ့ကြပါတယ်။

ဘင်္ဂလားဒေ့ရှ်၊ အိန္ဒိယ၊ သီရိလင်္ကာ၊ ဘူတန်၊ မြန်မာနဲ့ နီပေါနိုင်ငံတို့က ထိပ်တန်းသံတမန်တွေဟာ ထိုင်းနိုင်ငံခြားရေးဝန်ကြီး မာရိစ်ဆန်ဂီယာပွန်ဆာ ဦးဆောင်တဲ့ အကြိမ် ၂၀ မြောက် ဘင်းမ်စတက် ဝန်ကြီးများအစည်းအဝေးကို တက်ရောက်လာကြပြီး မဟာဗျူဟာ မိတ်ဖက်ဆက်ဆံရေး၊ ကုန်သွယ်ရေးနဲ့ ဒေသတွင်းဆိုင်ရာ ကိစ္စရပ်တွေကို ဆွေးနွေးကြမှာဖြစ်ပါတယ်။

မြန်မာစစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ သောကြာနေ့မှာ ဘန်ကောက်မှာ ကျင်းပမယ့် တောင်အာရှခေါင်းဆောင် အများစုပါဝင်မယ့် ဒေသတွင်း ထိပ်သီးအစည်းအဝေးကို တက်ရောက်လိမ့်မယ်လို့ ထိုင်းနိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဒီခရီးစဉ်ဟာ ၂၀၂၁ ခုနှစ် အာဏာသိမ်းပြီးနောက်ပိုင်း အရှေ့တောင်အာရှနိုင်ငံကို ပြည်တွင်းစစ် ဖြစ်စေခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ရဲ့ ရှားရှားပါးပါးခရီးစဉ် ဖြစ်ပါတယ်။

အရပ်ဘက်အဖွဲ့ အစည်းတွေနဲ့ လူ့အခွင့်ရေးအဖွဲ့တွေကတော့ စစ်ခေါင်းဆောင်ကို အစည်းအဝေးတက်ခွင့်ပေးတဲ့ အပေါ်  အပြင်းအထန် ကန့်ကွက်နေကြပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013