
ဗြိတိန်ဘောလုံးလောကအတွက် လွှမ်းမိုးမှုအရှိဆုံးသောလူမည်း ကစားသမားတွေစာရင်းမှာ အာဆင်နယ်အသင်းက ရာဟင်မ် စတာလင်နဲ့ အမျိုးသမီးကစားသမား လော်ရန်ဂျိမ်းစ်တို့ကို အဓိကဖော်ပြခဲ့ပါတယ်။
အသက် ၂၃ နှစ်အရွယ် လော်ရန်ဟာ ချဲလ်ဆီးအမျိုးသမီးအသင်းမှာ ရှေ့တန်း အဖြစ်ကစားနေသလို အစ်ကိုဖြစ်တဲ့ နောက်ခံလူ ရိစ်ဂျိမ်းစ်နဲ့လည်း တသင်းတည်း ဖြစ်ပါတယ်။
၂၀၂၄ ခုနှစ် အတွက် ရွေးချယ်ဖော်ပြခဲ့တဲ့ ကစားသမား ၅ ယောက်စာရင်းမှာ အက်စတွန်ဗီလာက တိုင်ရုန်းမင်းစ်နဲ့ တော့တင်ဟမ်က ရီချာလီဆန်အပါအဝင် QPR အမျိုးသမီးအသင်းရဲ့ ကွင်းလယ်လူ ကာရှာပတ်တိတို့ကိုပါ ထည့်သွင်းထားပါတယ်။
၂၀၀၈ ခုနှစ်ကစပြီး နှစ်စဉ် ဖော်ပြခဲ့တဲ့ အဲဒီစာရင်းဟာ ဘောလုံးအားကစားဆိုင်ရာ နယ်ပယ်အသီးသီးက လူမည်းတွေရဲ့ အားထုတ် ကြိုးပမ်းမှုကို အသိအမှတ်ပြုလိုတာ ဖြစ်ပါတယ်။
"Football Black List " အမည်ရ စာရင်းရဲ့ မန်နေဂျာ ၅ ယောက်ထဲမှာလည်း နော့တင်ဟမ်ဖောရက်စ် အသင်းနည်းပြချုပ် နူနိုစပီရီတိုဆန်တိုပါဝင်လာတာ တွေ့ရပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အဆင့် ၃ နေရာနဲ့ FA ဖလား ဆီမီးဖိုင်နယ် အဆင့်အထိရောက်အောင် စွမ်းဆောင်ပေးထားတဲ့ နူနိုအပါအဝင် U-21 အင်္ဂလန်လက်ရွေးစင်အသင်းရဲ့ လက်ထောက်နည်းပြဖြစ်သူ အက်ရှ်လေကိုးလ်ပါ ဖော်ပြခံရပါတယ်။
အသက် ၃၀ အောက် " အလားအလာ ရှိသူတွေ " (Ones to Watch) စာရင်းနဲ့အတူ အမျိုးအစား ၈ ခုအထိခွဲပြီး ဖော်ထုတ်ဂုဏ်ပြုလေ့ရှိကြောင်း သိရပါတယ်။
အဲဒီစာရင်းကို ဘောလုံးအဖွဲ့အစည်းတွေဖြစ်ကြတဲ့ ပရီးမီးယားလိဂ်၊ PFA ၊ LMA ၊ EFL နဲ့ လူမျိုးရေးခွဲခြားမှု ဆန့်ကျင်ရေးအဖွဲ့ Kick It Out တို့ရဲ့ ကျွမ်းကျင်သူတွေက ရွေးချယ်ပေးတာ ဖြစ်ပါတယ်။
Football Black List ပူးတွဲတည်ထောင်သူ လီယွန်မန်းကတော့ ဒါဟာဘောလုံးလောကမှာ လူမည်း အသိုင်းအဝန်းတွေရဲ့ မယုံနိုင်လောက်အောင် အကျိုးပြုနေတဲ့အချက်ကို အောက်မေ့စေလိုတာ ဖြစ်တယ်လို့ မှတ်ချက်ပေးသွားပါတယ်။
Source; Reuters