
အင်အားပြင်းငလျင် လှုပ်ခတ်ပြီး နာရီပေါင်း ၆၀ ကျော်အကြာ မတ် ၃၁ ရက် မြန်မာစံတော်ချိန် မနက် ၂ နာရီ ၄၅ မိနစ်နဲ့ မနက် ၆ နာရီဝန်းကျင်မှာ မန္တလေးမြို့အတွင်း အင်အား ၄ ဒသမ ၇ ရစ်ချ်တာစကေး ရှိတဲ့ ငလျင်တွေ ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
အင်အားပြင်းငလျင် လှုပ်ခတ်ပြီး နာရီပေါင်း ၇၀ အတွင်း မြန်မာနိုင်ငံမှာ နောက်ဆက်တွဲ ငလျင်ငယ်ပေါင်း ၂၀၀ ကျော် ထပ်မံလှုပ်ခတ်ခဲ့ပါတယ်။
ထိုင်းနိုင်ငံ ဘန်ကောက်နဲ့ မြို့နယ်တချို့မှာတော့ မတ် ၃၁ ရက် ထိုင်းစံတော်ချိန် မနက် ၉ နာရီ ၃၀ မိနစ်ခန့်က မြေတုန်ခါမှုကို ခံစားရပြီး အဆောက်အအုံ အစိတ်အပိုင်းတချို့ အက်ကွဲရာတွေ့တယ်လို့ ထိုင်းသတင်းတွေမှာ ဖော်ပြပါတယ်။
မတ် ၂၈ ရက်က စစ်ကိုင်းမြို့အနီးကို ဗဟိုပြုပြီး လှုပ်ခတ်ခဲ့တဲ့ အင်အား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိတဲ့ ငလျင်ကြောင့် ထိခိုက်သေဆုံးသူ ၂,၉၂၈ ယောက်အထိ ရှိနေပြီလို့ DVB က ကောက်ယူရရှိတဲ့ စာရင်းတွေအရ သိရပါတယ်။