Home
သတင်းဓာတ်ပုံ
ဘန်ကောက် အထပ် ၃၀ တိုက်ပြိုမှု ၄ လောင်း ထပ်တွေ့၊ ပျောက်ဆုံးသူများ ဆက်လက်ရှာဖွေ (ဓာတ်ပုံ)  
DVB
·
March 30, 2025
Photo: REUTERS/Patipat Janthong
Photo: REUTERS/Patipat Janthong
Photo: REUTERS/Patipat Janthong
Photo: REUTERS/Chalinee Thirasupa
Photo: REUTERS/Chalinee Thirasupa
Photo: REUTERS/Patipat Janthong
Photo: REUTERS/Athit Perawongmetha
Photo: REUTERS/Patipat Janthong
Photo: REUTERS/Patipat Janthong
Photo: REUTERS/Chalinee Thirasupa

ထိုင်းနိုင်ငံ၊ ဘန်ကောက်၊ ကျဒူးကျတ်နယ်မြေ၊ ကမ်ဖိုင်ဖစ်လမ်း ၂ ရှိ ဆောက်လက်စ အထပ် ၃၀ တိုက်ပြိုကျမှုမှာ ပျောက်ဆုံးနေသူတွေကို ကယ်ဆယ်ရေးအဖွဲ့တွေက ဆက်လက်ရှာဖွေနေတာမှာ ဒီကနေ့ မတ်လ ၃၀ ရက်မှာ အပျက်အစီးပုံတွေကြားက အလောင်း ၄ လောင်း ထပ်မံတွေ့ရှိတယ်လို့  ထိုင်း PBS သတင်းမှာ ဖော်ပြပါတယ်။

မြန်မာပြည်က အင်အားပြင်းငလျင် လှုပ်ခတ်မှုကြောင့် အဆိုပါ ဆောက်လက်စတိုက် ပြိုကျသွားခဲ့တာဖြစ်ပြီး ရှာဖွေကယ်ဆယ်ရေးလုပ်ငန်း ၄၈ နာရီ ပြည့်သွားပြီဖြစ်ပေမဲ့ စမ်းသပ်ကိရိယာကနေ အသက်ရှင်သူရှိကြောင်း အချက်ပြနေတယ်၊ ဒါကြောင့် မျှော်လင့်ချက် အပြည့်နဲ့ မရပ်မနား ဆက်တိုက်ရှာဖွေနေတယ်လို့ ဘန်ကောက်မြို့တော်ဝန် နိုင်းချချတ် ဆစ်ထိဖန်းက သတင်းထောက်တွေကို ပြောပါတယ်။

မတ် ၃၀ ရက် မနက်အထိ အလောင်း ၄ လောင်း တွေ့ရှိပြီး ပြင်ပကိုရောက်ဖို့ ကြိုးစားပမ်းစား ထုတ်ယူနေဆဲဖြစ်တယ်၊ သေဆုံးဒဏ်ရာရသူဦးရေမှာ တည်ငြိမ်မှုမရှိသေးကြောင်း ဇုန်အလိုက် ကယ်ဆယ်ရေးအဖွဲ့တွေရဲ့ ရေတွက်မှု အနည်းငယ်ကွဲလွဲမှု ရှိနေပါတယ်။

ဧရာဝဏ် အရေးပေါ်ကယ်ဆယ်ရေး ထုတ်ပြန်ချက် အရတော့ သေဆုံးသူ ၁၀ ယောက်ရှိပြီး ၉ ယောက်မှာ အခင်းဖြစ်တဲ့နေရာမှာ သေဆုံးခဲ့ကာ တယောက်က ဆေးရုံမှာ သေဆုံးတယ်လို့ သိရပါတယ်။ သေဆုံးသူ ၁၀ ယောက်ထဲမှာ ကိုကို ဆိုတဲ့ မြန်မာလုပ်သားတယောက်၊ နိုင်းမွန်တရီ ဆိုသူ ထိုင်းအမျိုးသားတယောက်၊ ကျန် ၄ ယောက်မှာ အမည်မသိ၊ နောက်ထပ် ၄ ယောက်ကတော့ ပျက်စီးနေတဲ့ အပုံတွေထဲမှာပဲ ရှိနေသေးတယ်လို့ ဆိုပါတယ်။

ဒဏ်ရာရသူ ၁၈ ယောက်ရှိပြီး ပျောက်ဆုံးနေသူ ၈၃ ယောက်ရှိတယ်၊ အမည်စာရင်း ထုတ်ပြန်ချက်အရ မြန်မာအမည် ၂၆  ယောက် ပါဝင်ပါတယ်။

ပျောက်ဆုံးနေသူတွေကို ဌာနဆိုင်ရာ၊ ပုဂ္ဂလိကကုမ္ပဏီနဲ့ လူမှုကူညီရေးအဖွဲ့မှ စေတနာ့ဝန်ထမ်းတွေ ပူးပေါင်းရှာဖွေနေသလို ထိုင်းရဲတပ်ဖွဲ့ရဲ့ K9 တပ် အနံ့ခံခွေးလိမ္မာတွေပါ ပါဝင်တယ်၊ ဖရကျွမ် ကောက် စက်မှုတက္ကသိုလ်ရဲ့ စက်ရုပ်ကိုသုံးပြီး ပျက်စီးအဆောက်အဦရဲ့ အသွင်သဏ္ဌာန်ကို 3D သုံးဖက်မြင်နဲ့ ကွန်ပျူတာမှ ကြည့်ရှုကာ ရှာဖွေတယ်။ 

ရှာဖွေရေးလုပ်ငန်း ပိုမိုထိရောက်အောင်  လိုအပ်တာတွေ ညွှန်ကြားဖို့ တရုတ်နဲ့ အမေရိကန်က ကျွမ်းကျင်ပညာရှင်တွေ ဖိတ်ခေါ်ကြည့်ရှုစေတာမှာ ထိုင်းနိုင်ငံရဲ့ ကယ်ဆယ်ရေးလုပ်ငန်းဟာ စံချိန်မီစွာ ဆောင်ရွက်လျက်ရှိကြောင်း၊ လက်ရှိအနေအထားအတိုင်း ဆက်လက်လုပ်ဆောင်ဖို့ အကြံပြုထားတယ်လို့ ဆိုပါတယ်။

အဆောက်အဦ ပြိုကျရတဲ့ အကြောင်းရင်းနဲ့ပတ်သက်ပြီး စုံစမ်းစစ်ဆေးရေးကော်မတီတရပ် ဖွဲ့ထားကြောင်း ထိုင်းပြည်ထဲရေးဝန်ကြီးက ပြောပါတယ်။

အဆိုပါအဆောက်အဦကို ထိုင်းနဲ့ တရုတ်ကုမ္ပဏီ ၂ ခု ပူးပေါင်းတာဝန်ယူတည်ဆောက်ပြီး အာမခံငွေ ဘတ်သန်းပေါင်း ၂၀၀၀ ကျော်လုပ်ထားကာ သေဆုံးဒဏ်ရာရသူတွေအတွက် နစ်နာကြေးတွေ ဆောင်ရွက်ပေးဖို့ အာမခံကုမ္ပဏီမှ အခင်းဖြစ်တဲ့နေရာမှာ လာစောင့်ပြီး အချက်အလက်တွေ ကောက်ယူနေတယ်လို့ သတင်းမှာ ဖော်ပြပါတယ်။ 

မတ် ၂၈ ရက်က ငလျင်လှုပ်မှုကြောင့် ကျဒူးကျတ်နယ်မြေရှိ ဆောက်လုပ်ဆဲ အထပ် ၃၀ တိုက်အပြင် နောက်ဆက်တွဲငလျင်ကြောင့် နောက်ထပ် ဘန်ဖိုး၊ ဒင်ဒဲန်း၊ ဆီလုမ်းကွမ်ပလက်စ၊ ရမ်းအင်ထရာ ဆောက်လုပ်ရေးလုပ်ငန်းခွင်၊ ဝိထယုကွမ်ပလက်စ် စတဲ့ နေရာပေါင်း ၁၀ ခုလောက်မှာလည်း ကရိန်းပြိုကျတာ၊ ဆောက်လက်စအဆောက်အဦ ပြိုတာ၊ တိုက်ပြိုကျတာတွေ ရှိခဲ့ပြီး လူ ၇  ယောက် သေဆုံးပြီး ၁၄ ယောက် ဒဏ်ရာရခဲ့တယ်လို့ ThaiPBS သတင်းမှာ ဖော်ပြပါတယ်။ 

ထိုင်းရတ်သတင်းမှာတော့ ခန်းနားယောင်းနယ်မြေ ရမ်းအင်းထရားဆောက်လုပ်ရေး တိုက်ပြိုမှု သေဆုံးသူထဲမှာ အသက် ၄၆ နှစ်အရွယ် နိုင်စိုးဦး ဆိုသူ မြန်မာနိုင်ငံသားတယောက် ပါဝင်တယ်လို့ ဖော်ပြပါတယ်။ 

Source: - ThaiPBS  / Khaosod / TNews / Thairath

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013