Home
မြန်မာသတင်း
နန်းမယ်ခုံမြို့နယ်၌ အမျိုးသား ၁ ဦး မိုင်းမိ 
DVB
·
March 30, 2025

ကရင်နီပြည်နယ်၊ နန်းမယ်ခုံမြို့နယ်ထဲက ဆင်တောင်ကျေးရွာအနီးနားမှာ မတ် ၂၈ ရက် မနက် ၉ နာရီဝန်းကျင်မှာ အသက် ၁၅ နှစ်အရွယ် မောင်မျိုးမင်းနိုင်က ဘုရားဖူးသွားရာကနေ မိုင်းနင်းမိပြီး ညာဘက်ခြေထောက် ဖြတ်လိုက်ရတယ်လို့  နန်းမယ်ခုံပရဟိတအသင်းက ပြောပါတယ်။

နန်းမယ်ခုံ ပရဟိတအဖွဲဝင် ကိုဟင်နရီက “သူ ဘုရားဖူးဖို့ ထွက်သွားရင်းနဲ့ မိုင်းနင်းမိတာ။ မိုင်းနင်းမိတာကြောင့် ညာဘက်ခြေထောက် ဖြတ်ရတယ်၊ နောက် အဓိကအင်္ဂါ ထိသွားတယ်” လို့ ပြောပါတယ်။

ဖယ်ခုံမြိုနယ် လုံကာကျေးရွာသား မောင်မျိုးမင်းနိုင်က ခုလက်ရှိ ဆင်တောင်ကျေးရွာဘက်မှာ စစ်ရှောင်နေသူဖြစ်ပြီး မိသားစု ၄ ယောက်နဲ့ နေထိုင်ကာ ဖခင်ဖြစ်သူကတော့ ဆုံးပါးသွားတာ မကြာသေးဘူးလို့ သိရပါတယ်။

မတ် ၂၆ ရက်ကလည်း နန်းမယ်ခုံက နန်းစံခမ်းကျေးရွာနားမှာ အသက် ၄၀ အရွယ် အမျိုးသမီး တယောက် ကြက်သွန်ကောက်ရာကနေ မိုင်းနင်းမိပြီး ခြေထောက်ဖြတ်ခဲ့ရတဲ့အပြင် ၂၇ ရက်ကလည်း လွိင်ကော်မြို့နယ်ထဲက အမျိုးသားတယောက် မိုင်းနင်းမိပြီး ခြေထောက် ဖြတ်လိုက်ရပါသေးတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013