
အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ကြေညာထားတဲ့ အမေရိကန်နိုင်ငံထဲကို တင်သွင်းတဲ့ မော်တော်ကားတွေအပေါ် အခွန်စည်းကြပ်မှု အသက်ဝင်ချိန်မှာ တောင်ကိုရီးယားရဲ့ မော်တော်ကားကဏ္ဍဟာ အတော်လေး အခက်အခဲတွေနဲ့ ရင်ဆိုင်ရဖို့ မျှော်လင့်ထားတယ်၊ တောင်ကိုရီးယားအစိုးရက ဧပြီလမှာ အရေးပေါ်တုံ့ပြန်ဖို့ စီစဉ်ထားတယ်လို့ တောင်ကိုရီးယား စက်မှုဝန်ကြီးက မတ် ၂၇ ရက်မှာ ပြောလိုက်ပါတယ်။
တောင်ကိုရီးယားနိုင်ငံဟာ မော်တော်ယာဥ်ကုမ္ပဏီတွေနဲ့ တင်သွင်းသူတွေအပေါ် အပျက်သဘောဆောင်တဲ့ သက်ရောက်မှုတွေကို လျှော့ချရေး အစီအမံတွေရှာဖို့ အမေရိကန် အစိုးရနဲ့ တက်တက်ကြွကြွ ချိတ်ဆက်ဆောင်ရွက်မယ်လို့ စက်မှုဝန်ကြီး အန်းဒေါ့ဂွင်က စက်မှုဝန်ကြီးဌာန တာဝန်ရှိသူတွေနဲ့ အစည်းအဝေးမှာ ပြောပါတယ်။
“ကမ္ဘာ့ မသေချာ မရေရာမှုတွေ ကြီးထွားလာပေမဲ့ တောင်ကိုရီးယား ကားကုမ္ပဏီတွေက ထီးထီးမားမား ဒိုင်ခံတိုက်ခိုက်မှာ မဟုတ်ပါဘူး” လို့ အန်းက ပြောပါတယ်။
အစိုးရက ငွေကြေးအကူအညီ၊ ရင်းနှီးမြှုပ်နှံမှု ပံ့ပိုးမှုနဲ့ စျေးကွက်ကွဲပြားမှုတွေမှာ ကူညီရေး ထည့်သွင်းစဉ်းစားမယ်လို့လည်း သူက ပြောပါတယ်။
ထရမ့်ပ်က အမေရိကန်ကို တင်သွင်းတဲ့ မော်တော်ယာဉ်တွေအပေါ် အခွန် ၂၅ ရာခိုင်နှုန်း ကောက်မယ့်ကိစ္စကို ထုတ်ဖော်ပြသခဲ့ပြီး ဒီလုပ်ရပ်ကြောင့် လက်တုံ့ပြန်တဲ့ နိုင်ငံတွေဆီက ဝေဖန်မှုတွေ ခြိမ်းခြောက်မှုတွေ ပေါ်ပေါက်ခဲ့ပါတယ်။
Source: Reuters