Home
အားကစား
ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲ ချန်ပီယံ ဒေါ်လာ ၁၂၅ သန်းအထိ ရနိုင်
DVB
·
March 28, 2025
photo:Reuters

ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ အနိုင်ရတဲ့အသင်းက ဒေါ်လာ ၁၂၅ သန်းအထိ ရနိုင်တယ်လို့ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မတ် ၂၆ ရက်မှာ ပြောပါတယ်။

အသင်း ၃၂ သင်းပါဝင်တဲ့ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို ဇွန် ၁၄ ရက်ကနေ ဇူလိုင် ၁၃ ရက်ထိ အသင်း ၃၂ သင်းနဲ့ အမေရိကန်နိုင်ငံမှာ ကျင်းပမှာဖြစ်ပါတယ်။

ဒီပြိုင်ပွဲမှာ စုစုပေါင်း ဆုကြေးငွေ ဒေါ်လာ ၁ ဘီလီယံ ရမှာဖြစ်တယ်လို့ ဖီဖာက ဒီလအစောပိုင်းမှာ ကြေညာခဲ့ဖူးပါတယ်။

ဒေါ်လာ ၁ ဘီလီယံကို ၃၂ သင်းကြား တဝက်ခွဲပြီး ပေးသွားမှာဖြစ်သလို တသင်းချင်းစီရဲ့  အားကစားနဲ့ စီးပွားရေးဆိုင်ရာ အခြေအနေပေါ် အခြေခံပြီး ပမာဏ သတ်မှတ်မှာ ဖြစ်ပါတယ်။

ဒါ့ကြောင့် မန်ချက်စတာစီးတီးနဲ့ ရီးရဲလ်မက်ဒရစ်လို အသင်းတွေက အသင်းငယ်တွေထက် ပိုပြီး ဝင်ငွေရရှိနိုင်ပါတယ်။

အသင်းရဲ့ ဆုချီးမြှင့်တဲ့ပုံစံတွေမှာ နောက်ထပ် ဒေါ်လာ ၄၇၅ သန်းကို အသုံးပြုမှာ ဖြစ်ပါတယ်။

အသင်းတွေဟာ ဗိုလ်လုပွဲအထိ ၇ ပွဲ ကစားရမှာဖြစ်ပြီး အဲဒီပွဲတွေမှာ နိုင်ပွဲအများဆုံး အသင်းအတွက် ဆုကြေးငွေတွေ သတ်မှတ်ထားပါတယ်။

ဒါ့ကြောင့် ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲတဲ့အသင်းက ဒေါ်လာ ၁၂၅ သန်း ပမာဏအထိ အများဆုံးဆွတ်ခူးနိုင်မယ့် အလားအလာ ရှိပါတယ်။

ဖီဖာဟာ ၂၀၂၃ ခုမှာ ကလပ်ကမ္ဘာ့ဖလားပြိုင်ပွဲကို အဖွဲ့ချုပ် ၆ ခုက အသင်း ၇ သင်းနဲ့ ကျင်းပခဲ့ပြီး ၂၀၂၄ မှာ ဖီဖာ တိုက်ကြီးများဖလားအဖြစ် အသင်း ၆ သင်းနဲ့ ကျင်းပခဲ့တာ တွေ့ရပါတယ်။

၂၀၂၅ ခုနှစ်မှာတော့ တိုက်ကြီး ၄ တိုက်မှာ ဗိုလ်စွဲတဲ့အသင်းတွေ အပါအဝင်  အသင်းအရေအတွက် ၃၂ သင်းအထိ တိုးမြှင့်ပြီး ပထမဆုံးအကြိမ် ကျင်းပမှာဖြစ်ပါတယ်။

ဒီလို ပြိုင်ပွဲကျင်းပမယ့်ပုံစံ ပြောင်းလဲမယ့် အကြောင်းကို ၂၀၁၉ ခုနှစ်က ထုတ်ပြန်ကြေညာခဲ့ပြီး ၂၀၂၁ ခုနှစ်က တရုတ်နိုင်ငံမှာ စတင်ကျင်းပဖို့ ရည်ရွယ်ခဲ့ပေမဲ့ ကိုဗစ်ရောဂါကြောင့် ရွှေ့ဆိုင်းခဲ့ရတာ ဖြစ်ပါတယ်။

ဒါ့ကြောင့် ဖီဖာက ၂၀၂၆ ကမ္ဘာ့ဖလား လက်ခံကျင်းပမယ့် အမေရိကန်မှာ ကျင်းပမယ်လို့ ဆုံးဖြတ်ထားတဲ့အကြောင်း ၂၀၂၃ ခုနှစ်မှာ ကြေညာထားပါတယ်။

Photo: Reuters

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013