
ရုရှားနဲ့ ယူကရိန်းတို့က တိုက်ခိုက်မှုတွေကို ယာယီဆိုင်းငံ့ထားဖို့ သဘောတူညီခဲ့တဲ့ ပစ်မှတ်တွေထဲမှာ ရေနံချက်စက်ရုံတွေ၊ ရေနံနဲ့သဘာဝဓာတ်ငွေ့ ပိုက်လိုင်းတွေနဲ့ နျူကလီးယားစခန်းတွေ ပါဝင်ကြောင်း ကရင်မလင်နန်းတော်က မတ် ၂၅ ရက်မှာ ပြောပါတယ်။
ရုရှားနဲ့ အမေရိကန်တို့အကြား စွမ်းအင်စနစ်ကို တိုက်ခိုက်မှုတွေကို ယာယီဆိုင်းငံ့ထားဖို့ သဘောတူညီထားတဲ့ ရုရှားနဲ့ ယူကရိန်း အဆောက်အအုံတွေစာရင်းထဲမှာ လောင်စာသိုလှောင်ရုံတွေ၊ ရေစုပ်စက်တွေ၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးနဲ့ ဓာတ်အားလိုင်းတွေအပြင် ဓာတ်အားပေးစက်ရုံတွေ၊ ဓာတ်အားခွဲရုံတွေ၊ ထရန်စဖော်မာတွေ၊ ဖြန့်ဖြူးသူတွေနဲ့ ရေအားလျှပ်စစ်တမံတွေလို အဆောက်အဦတွေလည်း ပါဝင်တာပါ။
အဲဒီထုတ်ပြန်ချက်မှာ စွမ်းအင်အခြေခံအဆောက်အအုံဆိုင်ရာ တိုက်ခိုက်မှုတွေကို ယာယီဆိုင်းငံ့ထားမှုဟာ မတ် ၁၈ ရက်မှ စတင်မှာဖြစ်ပြီး ရက်ပေါင်း ၃၀ သက်တမ်းရှိပေမယ့် နှစ်ဖက် သဘောတူထားတဲ့အတိုင်း သက်တမ်းတိုးနိုင်ပါတယ်။
သဘောတူညီချက်ကို တဖက်ဖက်မှ ချိုးဖောက်ခဲ့ရင် တခြားတဖက်ဟာ စာချုပ်လိုက်နာမှုကနေ လွတ်မြောက်မှာဖြစ်ကြောင်း ကရင်မလင်က ပြောကြားခဲ့ပါတယ်။
Source: Reuters