Home
နိုင်ငံတကာ
အမေရိကန်အကူအညီ ရပ်ဆိုင်းမှုကြောင့် AIDS ဆက်နွှယ်သေဆုံးမှု ထပ်တိုးနိုင်
DVB
·
March 26, 2025

အမေရိကန်အကူအညီ ဖြတ်တောက်မှုကြောင့် တကမ္ဘာလုံးမှာ နေ့စဉ် HIV ပိုးကူးစက်မှု အသစ် ၂,၀၀၀ ရှိနိုင်တယ်လို့ ကုလသမဂ္ဂ အေဂျင်စီ UNAIDS အဖွဲ့က က မတ် ၂၄ ရက်မှာ ပြောကြားခဲ့ပါတယ်။

UNAIDS ရဲ့ အမှုဆောင်ဒါရိုက်တာ ဝင်နီ ဗျာညီမာက “ခေတ္တခဏလောက် ရပ်ထားပြီးလို့ HIV အတွက် အမေရိကန်ရဲ့ အကူအညီတွေ ပြန်မရတော့ရင် နောက် ၄ နှစ်အတွင်း AIDS ရောဂါ နဲ့ ဆက်နွှယ်တဲ့ သေဆုံးမှု ၆ ဒသမ ၃ သန်း ထပ်တိုးလာလိမ့်မယ်”လို့ ဂျီနီဗာမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။ 

ထရမ့်ပ်ဟာ ဇန်နဝါရီ ၂၀ ရက်မှာ သမ္မတရာထူး တာဝန်ယူပြီးနောက် ရက်ပေါင်း ၉၀ အတွင်း ဒေါ်လာသန်းပေါင်း ရာနဲ့ချီတဲ့ နိုင်ငံခြားအကူအညီ လှူဒါန်းမှုကို ဆိုင်းငံ့ထားခဲ့ပါတယ်။

နောက်ရက်တွေမှာလည်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီးဌာနဟာ အသက်ကယ်လူ သားချင်း စာနာထောက်ထားမှုအကူအညီအတွက် ကမ္ဘာ့ထိပ်တန်း  HIV ပဏာမ အစီအစဉ် ဖြစ်တဲ့ သမ္မတရဲ့  အရေးပေါ်  AIDS ကယ်ဆယ်ရေး အစီအစဉ် (PEPFAR) ကို စွန့်လွှတ်ကြောင်း ထုတ်ပြန်ခဲ့ပါတယ်။ 

ပြီးခဲ့တဲ့လက အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားအကူအညီ အထောက်အပံ့တွေ ရပ်ဆိုင်းထားချိန်မှာ HIV / AIDS  အစီအစဉ်တွေကို စွန့်လွှတ်လိုက်ပေမဲ့ ကုသရေး အစီအစဉ်တွေရဲ့ အနာဂတ်အတွက် စိုးရိမ်စရာများစွာ ကျန်ရှိနေသေးကြောင်း UNAIDS အဖွဲ့က ပြောကြားပါတယ်။  

HIV နဲ့ဆက်စပ်တဲ့ သေဆုံးမှု ၁၀ ဆတိုးလာမယ်လို့ အေဂျင်စီက ခန့်မှန်းထားပါတယ်။ အမေရိကန်မှ ထောက်ပံ့တဲ့ ကျန်းမာရေးနဲ့ စမ်းသပ်ဆေးခန်းတွေကို ပိတ်ပစ်လိုက်တာကြောင့် ကုသမှုပိုင်းမှာ နှောင့်နှေး ကြန့်ကြာမှုတွေ ရှိလာတဲ့အတွက် HIV နဲ့ အသက်ရှင်နေသူတွေ ဟာ ဆေးယဉ်ပါးလာကြကြောင်းလည်း UNAIDS ရဲ့ အဆိုအရ သိရပါတယ်။ 

HIV နဲ့ ဆက်စပ်သေဆုံးသူပေါင်း ၆ သိန်းလောက်ရှိပြီး ၁ ဒသမ ၃ သန်း ကူးစက်ခံရတာကြောင့် တနေ့ကို အယောက် ၃၅၀၀ လောက် ရှိတယ်လို့ ၂၀၂၃ ခုနှစ်က တကမ္ဘာလုံး အတိုင်းအတာနဲ့ မှတ်တမ်းတင်ခဲ့ကြောင်း UNAIDS အမှုဆောင်ဒါရိုက်တာ ဝင်နီ ဗျာညီမာ က ပြောပါတယ်။ 

ဥရောပ၊ အမေရိကန်နဲ့ လက်တင်အမေရိကရှိ အလယ်အလတ်တန်းစား ဝင်ငွေမြင့်နိုင်ငံတွေမှာ HIV ပိုးကူးစက်ခံရလို့ သေဆုံးမှုတွေ မြင့်တက်လာနိုင်ကြောင်းလည်း သတိပေး ပြောဆိုခဲ့ပါတယ်။

အမေရိကနဲ့ ဥရောပမှာ ကူးစက်မှုအသစ် ၅၆,၀၀၀ နဲ့ မနှစ်က လက်တင်အမေရိကမှာ ၁၂၀,၀၀၀ ရှိခဲ့တယ်လို့ ဆိုပါတယ်။ 

Source: Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013