ရန်ကုန်၊ ဗိုလ်ဆွန်ပက်လမ်း ဝါဖြေမုန့်ဈေးတန်း (ဓာတ်ပုံ)
DVB
·
March 22, 2025
ရန်ကုန်မြို့၊ ပန်းဘဲတန်းမြိုနယ်၊ ဗိုလ်ဆွန်ပက်လမ်းမှာ အစ္စလာမ် ဘာသာဝင်တွေရဲ့ ဥပုသ် ဝါဖြေမုန့်ဈေးတန်းကို ဖွင့်လှစ်ရောင်းချနေပါတယ်။
အခု မတ်လကုန်အထိဖွင့်လှစ်မယ့် မုန့်ဈေးတန်းဟာ အရင်ကထက် စည်ကားမှုလျော့ကျလာပေမဲ့ အသားကင်၊ အသားဟင်း၊ အကြော်စုံ၊ သစ်သီးနဲ့ မုန့်ချိုတွေ အပါအဝင် အစားအစာ အမယ်မျိုးစုံကတော့ အပြောင်းအလဲသိပ်မရှိဘဲ တည်ခင်းရောင်းချနေတာကို တွေ့မြင်ရပါတယ်။