မြန်မာ့ရိုးရာ ပန်းဆယ်မျိုးဖြင့် ပုံဖော်ထားသည့် နောက်ဖေးလမ်းကြားဥယျာဉ် ဖွင့်လှစ်
DVB
·
March 3, 2020
ပန်းဆယ်မျိုးနဲ့ အဓိကပုံဖော်ထားတဲ့ နောက်ဖေးလမ်းကြားဥယျာဉ်တခုကို ရန်ကုန်မြို့၊ ပန်းဘဲတန်းမြို့နယ်ရှိ ၃၁ လမ်းနဲ့ ဗိုလ်ဆွန်ပက်လမ်း(အောက်ဘလောက်)က နောက်ဖေးလမ်းကြားမှာ မနေ့က ဖွင့်လှစ်လိုက်ပါတယ်။
အဲဒီနောက်ဖေးလမ်းကြားကို ရပ်ကွက်နေပြည်သူတွေ၊ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီနဲ့ ဒို့အိမ်အဖွဲ့တို့ ပူးပေါင်းဖော်ဆောင်တာလည်း ဖြစ်ပါတယ်။
နောက်ဖေးလမ်းကြားဥယာဉ်ထဲမှာတော့ မြန်မာ့ရိုးရာမောင်းနဲ့ ပတ္တလားတို့ကိုလည်း ထားရှိထားပြီး လမ်းကြားနံရံတလျှောက်မှာတော့ မြန်မာ့ရိုးရာနဲ့ဆိုင်တဲ့ ပန်းချီတွေကို ရေးဆွဲထားပါတယ်။
အခုဖွင့်လှစ်တဲ့ နောက်ဖေးလမ်းကြားဥယျာဉ် အပါအဝင် ရန်ကုန်မြို့မှာ နောက်ဖေးလမ်းကြားဥယျာဉ် ၁၀ ခုရှိပြီ ဖြစ်ပါတယ်။
Photo - Kyaw Swar Tun / MPA












