
၁၉၅၀ ခုနှစ်များ
၁၉၅၅
မြန်မာ့အဏုမြူစွမ်းအင်ဗဟိုဌာန (AEC) ကို စတင်တည်ထောင်။
၁၉၅၇
အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို စတင်တည်ထောင်ရာတွင် မြန်မာနိုင်ငံသည် အဖွဲ့ဝင်နိုင်ငံအဖြစ် ဦးဆုံးပါဝင်။
၁၉၉၀ ခုနှစ်များ
၁၉၉၂
ဒီဇင်ဘာ ၃ - နျူကလီးယားလက်နက်များ မပြန့်ပွားရေးသဘောတူစာချုပ် (NPT) တွင် လက်မှတ်ရေးထိုး။
၁၉၉၅
ဧပြီ ၂၀ - မြန်မာနှင့် အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့အကြား နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ စာချုပ်နှင့် ပမာဏအနည်းငယ်ဆိုင်ရာ စာချုပ်တို့ကို လက်မှတ်ရေးထိုး။
ဒီဇင်ဘာ ၁၅ - အရှေ့တောင်အာရှဒေသ နျူကလီးယားလက်နက်ကင်းမဲ့ဇုန် သဘောတူစာချုပ် (SEANWFZ) တွင် လက်မှတ်ရေးထိုး။
၁၉၉၆
နိုဝင်ဘာ ၂၅ - နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (CTBT) တွင် လက်မှတ်ရေးထိုး။
၁၉၉၇
ဒီဇင်ဘာ ၁၈ - နျူကလီးယားမတော်တဆမှု အချိန်မီ အသိပေးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (CENNA) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်။
၁၉၉၈
ဇွန် ၈ - အဏုမြူစွမ်းအင်ဥပဒေကို ပြဋ္ဌာန်း။
၂၀၀၀ ပြည့်လွန်နှစ်များ
၂၀၀၀
ဇူလိုင် - နိုင်ငံခြားရေးဝန်ကြီးနှင့် ရုရှားသိပ္ပံနှင့် နည်းပညာဝန်ကြီးတို့ မြန်မာတွင် ၁၀ မဂ္ဂါဝပ်ရှိ နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ရေး ဆွေးနွေး။
စက်တင်ဘာ ၁၅ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ IAEA ထံ နျူကလီးယားသုတေသန ဓာတ်ပေါင်းဖိုတည်ဆောက်ရေးနှင့် ပတ်သက်၍ အကူအညီနှင့် အကြံဉာဏ်တောင်းခံ။
ဒီဇင်ဘာ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး ရုရှားအဏုမြူစွမ်းအင်ဖက်ဒရေးရှင်း၏ ဖိတ်ကြားချက်အရ ရုရှားသုတေသနအင်စတီကျုများသို့ သွားရောက်လေ့လာခဲ့၊ မြန်မာပညာသင်များ ရုရှားသို့ စေလွှတ်ရန် အသင့်ဖြစ်နေပြီဖြစ်ကြောင်း ထုတ်ပြော။
၂၀၀၁
ဖေဖော်ဝါရီ - ရုရှားနိုင်ငံသည် မြန်မာနိုင်ငံအား ၁၀-၁၅ မဂ္ဂါဝပ်ထွက်ရှိသော ရေဖြင့်အအေးခံသည့် သုတေသနဓာတ်ပေါင်းဖိုတခုနှင့် အိုင်ဆိုတုပ်ဓာတ်ခွဲခန်း တည်ဆောက်ရန်အတွက် ညှိနှိုင်းဆွေးနွေးမှုများ ပြုလုပ်ရန် ကမ်းလှမ်း။
ဇွန် - Joint Stock Company Atomstroyexport သည် မြန်မာနိုင်ငံနှင့် နျူကလီးယားဓာတ်ပေါင်းဖို စီမံကိန်းဖွံ့ဖြိုးရေးအတွက် စာချုပ်ချုပ်ဆို။
ဇွန် ၁၈-၂၁ - IAEA မှ မြန်မာနိုင်ငံသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်၍ တွေ့ရှိချက် အစီရင်ခံစာတစောင် တင်သွင်း။
ဇူလိုင် ၃-၅ - နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီးဦးဆောင်သော မြန်မာကိုယ်စားလှယ်အဖွဲ့ ရုရှားသို့ ထပ်မံသွားရောက်ခဲ့ပြီး နျူကလီးယားသုတေသန ဓာတ်ပေါင်းဖို တည်ဆောက်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုး။
၂၀၀၂
ဇန်နဝါရီ ၂၁ - မြန်မာနိုင်ငံတွင် နျူကလီးယားသုတေသနဓာတ်ပေါင်းဖို တည်ဆောက်ရန် ရုရှားနိုင်ငံထံမှ အဆိုပြုကမ်းလှမ်းချက်ကို လက်ခံရရှိခဲ့ကြောင်း အတည်ပြု။
မေ ၁၅ - ရုရှားအစိုးရသည် “မြန်မာနိုင်ငံတွင် နျူကလီးယားသုတေသနစင်တာ တည်ဆောက်ရေးဆိုင်ရာ နှစ်နိုင်ငံအစိုးရအကြား သဘောတူညီချက် ချုပ်ဆိုရေး” အမိန့်ကြေညာစာ ထုတ်ပြန်။
ဇူလိုင် - ရုရှားနှင့် မြန်မာတို့အကြား နျူကလီးယားသုတေသနစင်တာ တည်ဆောက်ရေး သဘောတူစာချုပ်အား လက်မှတ်ရေးထိုး။
၂၀၀၄
ဖေဖော်ဝါရီ ၁၃ - နျူကလီးယားလက်နက် ထုတ်လုပ်ရန် ရည်ရွယ်ချက် မရှိကြောင်းနဲ့ နျူကလီးယားကဏ္ဍကို ငြိမ်းချမ်းသောရည်ရွယ်ချက်ဖြင့် တိုးတက်လာရန် လုပ်ဆောင်ခွင့်ရှိကြောင်း ကြေညာ။
၂၀၀၆
ဩဂုတ် ၃ - ကုလသမဂ္ဂဆိုင်ရာ မြန်မာ ဒုတိယအမြဲတမ်းကိုယ်စားလှယ်က ဂျီနီဗာမြို့တွင် ကျင်းပသည့် ကုလသမဂ္ဂ လက်နက်ဖျက်သိမ်းရေးညီလာခံတွင် မြန်မာနိုင်ငံဟာ နျူကလီးယားလက်နက်များကို ကန့်ကွက်ကြောင်း ပြောကြား။
၂၀၀၇
မေ ၁၅ - မြန်မာနှင့် ရုရှားနိုင်ငံတို့အကြား နျူကလီးယားသုတေသနစင်တာနှင့် ဓာတ်ပေါင်းဖိုတခု တည်ဆောက်ရန် ပူးပေါင်းဆောင်ရွက်ရေး သဘောတူစာချုပ် လက်မှတ်ရေးထိုး။
၂၀၀၈
နိုဝင်ဘာ - ဗိုလ်ချုပ်ကြီး သူရရွှေမန်း ဦးဆောင်သည့် ၁၇ ဦးပါဝင်သော မြန်မာအဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ ၇ ရက်ကြာ လေ့လာရေးခရီးစဉ်အဖြစ် လျှို့ဝှက်သွားရောက်။
၂၀၁၀ ခုနှစ်များ
၂၀၁၃
စက်တင်ဘာ ၁၇ - မြန်မာနှင့် အပြည်ပြည်ဆိုင်ရာအဏုမြူစွမ်းအင်အေဂျင်စီ (IAEA) တို့အကြား နျူကလီးယား ဘေးကင်းလုံခြုံရေးဆိုင်ရာ နောက်ဆက်တွဲ သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး။
၂၀၁၅
ဇွန် ၁၈ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား ငြိမ်းချမ်းသော ရည်ရွယ်ချက်များ အတွက် နျူကလီးယားစွမ်းအင် အသုံးချရေးနယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်မှုအပေါ် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။
၂၀၁၆
စက်တင်ဘာ ၂၁ - နျူကလီးယားလက်နက် စမ်းသပ်ဖောက်ခွဲမှု အလုံးစုံတားဆီးပိတ်ပင်ရေးစာချုပ် (CTBT) သို့ မြန်မာနိုင်ငံက အဖွဲ့ဝင်အဖြစ် အတည်ပြုပါဝင်သည့် စာချွန်လွှာ ပေးအပ်။
ဒီဇင်ဘာ ၆ - နျူကလီးယား လုံခြုံစိတ်ချစွာ သုံးစွဲရေးဆိုင်ရာ ကွန်ဗင်းရှင်း (CNS) နှင့် နျူကလီးယားဆိုင်ရာ ပစ္စည်းများ ကာကွယ်တားဆီးခြင်းဆိုင်ရာ ကွန်ဗင်းရှင်း (CPPNM) တွင် အဖွဲ့ဝင်အဖြစ် ပါဝင်။
၂၀၁၈
စက်တင်ဘာ ၂၆ - နျူကလီးယားလက်နက် တားဆီးပိတ်ပင်ရေးစာချုပ် (TPNW) တွင် လက်မှတ်ရေးထိုး။
၂၀၂၀ ခုနှစ်များ
၂၀၂၂
ဇူလိုင် ၁၁ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယားစွမ်းအင် အသုံးချရေး နယ်ပယ်တွင် ပူးပေါင်းဆောင်ရွက်ရေး နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။
စက်တင်ဘာ ၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom တို့အကြား “Road Map on Cooperation in the field of the use of Nuclear Energy for Peaceful Purposes for 2022-2023” အား လက်မှတ်ရေးထိုး။
အောက်တိုဘာ ၄ - နျူကလီးယားမတော်တဆမှု (သို့မဟုတ်) ဓာတ်ရောင်ခြည်ပြန့်ပွားမှု အရေးပေါ်အခြေအနေတွင် ကူညီထောက်ပံ့ရေးဆိုင်ရာ ကွန်ဗင်းရှင်း (CACNARE) တွင် ပါဝင်။
နိုဝင်ဘာ ၁၈ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား ရန်ကုန်မြို့၌ Nuclear Technology Information Center တည်ထောင်ရန် သဘောတူစာချုပ်ကို လက်မှတ်ရေးထိုး။
နိုဝင်ဘာ ၂၁ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom Energy Projects, Joint Stock Company တို့အကြား SMR Project အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှု ဆောင်ရွက်ရန် သဘောတူစာချုပ် (NDA) အား လက်မှတ်ရေးထိုး။
နိုဝင်ဘာ ၂၂ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom Energy Projects, Joint Stock Company တို့အကြား SMR Project အတွက် ဖြစ်မြောက်နိုင်စွမ်း လေ့လာမှုဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။
ဒီဇင်ဘာ ၁၃ - လျှပ်စစ်စွမ်းအားဝန်ကြီးဌာနနှင့် Rosatom Energy Projects, Joint Stock Company တို့အကြား SMR Project ဖြစ်မြောက်နိုင်စွမ်းလေ့လာမှု လုပ်ငန်းအတွက် ဆောင်ရွက်ရမည့် တာဝန်ဝတ္တရားများ (ToR) အား လက်မှတ်ရေးထိုး။
ဒီဇင်ဘာ ၁၃ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံကိုယ်စား Rosatom တို့အကြား အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု သဘောတူညီချက် (IGA) မူကြမ်းကို လက်မှတ်ရေးထိုး။
ဒီဇင်ဘာ ၁၃ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာန၊ အဏုမြူစွမ်းအင်ဦးစီးဌာနနှင့် Rosatom International Network တို့အကြား Joint Communication Plan for Increasing Public Acceptance of Atomic Technologies in Myanmar အား လက်မှတ်ရေးထိုး။
၂၀၂၃
ဖေဖော်ဝါရီ ၆ - Nuclear Technology Information Center ဖွင့်လှစ်။
ဖေဖော်ဝါရီ ၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယားနည်းပညာ အသုံးချနယ်ပယ် ၁၄ ခုတွင် အစိုးရအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေးဆိုင်ရာ နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။
ဇွန် ၁၅ - Zeya & Associates Co., Ltd နှင့် Rosatom Healthcare တို့အကြား နျူကလီးယားဆေးပညာကဏ္ဍတွင် ပူးပေါင်းဆောင်ရွက်ရန် နားလည်မှုစာချွန်လွှာ လက်မှတ်ထိုး။
ဇွန် ၂၈ - SMR Project အကြိုဖြစ်မြောက်နိုင်စွမ်းလေ့လာမှု အစီရင်ခံစာအား Rosatom မှ လျှပ်စစ်စွမ်းအားဝန်ကြီးဌာနသို့ ပေးအပ်။
ဇွန် ၂၈ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယား အခြေခံအဆောက်အအုံ အကဲဖြတ်ခြင်းနှင့် မြှင့်တင်ခြင်းကဏ္ဍအတွက် နားလည်မှုစာချွန်လွှာအား လက်မှတ်ရေးထိုး။
အောက်တိုဘာ ၆ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနမှ တက္ကသိုလ် ၃ ခုနှင့် ရုရှားဖက်ဒရေးရှင်းနိုင်ငံမှ National Research Nuclear University တို့အကြား နားလည်မှုစာချွန်လွှာများ လက်မှတ်ရေးထိုး။
အောက်တိုဘာ ၁၂ - သိပ္ပံနှင့် နည်းပညာဝန်ကြီးဌာနနှင့် Rosatom တို့အကြား နျူကလီးယား အခြေခံအဆောက်အအုံအတွက် နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုး။
၂၀၂၄
မေ ၂၃ - ရုရှားအစိုးရမှ မြန်မာတွင် နျူကလီးယား ဓာတ်အားပေးစက်ရုံ တည်ဆောက်ရေးအတွက် အခြေခံအချက်များ ပါဝင်သည့် သဘောတူညီချက်မူကြမ်းကို အတည်ပြု။
၂၀၂၅
မတ် ၄ - ရုရှား-မြန်မာအကြား အသေးစား အဏုမြူဓာတ်အားပေးစက်ရုံဆောက်လုပ်ရေး သဘောတူညီချက်၊ အဏုမြူစွမ်းအင်ကို ငြိမ်းချမ်းစွာ အသုံးပြုရာတွင် နျူကလီးယားနှင့် ဓာတ်ရောင်ခြည် ဘေးအန္တရာယ်ကင်းရှင်းရေး စည်းမျဉ်းဥပဒေနယ်ပယ်၌ ပူးပေါင်းဆောင်ရွက်ရေး နားလည်မှု စာချွန်လွှာများ လက်မှတ်ရေးထိုး။
Photo : DVB