
တောင်ကိုရီးယားသမ္မတ ယွန်းဆွတ်ခ်ယိုးကို ဆန့်ကျင်သူတွေနဲ့ ထောက်ခံသူတွေဟာ ဆိုးလ်မြို့မှာ သီးခြား စုဝေးဆန္ဒထုတ်ဖော်မှုတွေ ပြုလုပ်ခဲ့ကြပါတယ်။
ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူတွေဟာ သမ္မတယွန်းကို ပြစ်ဒဏ်ချမှတ်မယ့် အချိန်မရောက်မီ ဆန္ဒဖော်ထုတ်မှုတွေ ပြုလုပ်နေကြတာပါ။
ယွန်းကို ထောက်ခံတဲ့ ထောင်နဲ့ချီတဲ့ ဆန္ဒပြသူတွေဟာ တောင်ကိုရီးယားနဲ့ အမေရိကန်အလံတွေကို ဝှေ့ယမ်းပြီး ထောက်ခံမှု ပြုလုပ်ခဲ့ပါတယ်။
“ဖွဲ့စည်းပုံ အခြေခံဥပဒေတရားရုံးရဲ့ တရားသူကြီးတွေက ဒီကိစ္စကို မှန်မှန်ကန်ကန်ဆုံးဖြတ်ပြီး၊ ဒီအမှုကို ပယ်ချလိုက်ဖို့ မျှော်လင့်ပါတယ်”လို့ အသက် ၇၀ အရွယ်ထောက်ခံသူ တယောက်က ပြောပါတယ်။
သမ္မတယွန်းကို ဆန့်ကျင်တဲ့သူတွေကလည်း “ယွန်းဆွတ်ခ်ယိုးလ်ကို အပြစ်ပေး” “ယွန်းဆွတ်ခ်ယိုးကို ရာထူးကနေထုတ်”ဆိုတဲ့ သံပြိုင်ကြွေးကြော်မှုတွေနဲ့ ဆန္ဒဖော်ထုတ်နေကြပါတယ်။
ယွန်းဆွတ်ခ်ယိုးဟာ စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုကြောင့် ရာထူးကနေ ဆိုင်းငံ့ခံထားရသူ ဖြစ်ပါတယ်။
အခြေခံဥပဒေတရားရုံးက လာမယ့်ရက်တွေမှာ ယွန်းနဲ့ ပတ်သက်ပြီး ဆုံးဖြတ်ချက် ချမှတ်သွားမယ်လို့ မျှော်လင့်ရပါတယ်။
စစ်အုပ်ချုပ်ရေး ကြေညာခဲ့မှုအတွက် ယွန်းဆွတ်ခ်ယိုးကို သမ္မတရာထူးကနေ အပြီးထုတ်ပယ်မှာလား၊ သမ္မတရာထူးပြန်ပေးမှာလား ဆိုတာ အခြေခံဥပဒေတရားရုံးက ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
Source: Reuters