
အမေရိကန်နိုင်ငံက သံအမတ်ကို ထုတ်ပယ်ခဲ့မှုအတွက် စိတ်မကောင်းကြောင်း တောင်အာဖရိက သမ္မတရုံးက ထုတ်ပြန်ပါတယ်။
တောင်အာဖရိကသမ္မတရုံးရဲ့ ထုတ်ပြန်မှုမှာ အမေရိကန်နဲ့ နှစ်ဦးနှစ်ဖက် အကျိုးရှိတဲ့ ဆက်သွယ်မှုတွေ တည်ဆောက်ဖို့ ရည်ရွယ်ထားမှု ဆက်ရှိမယ်လို့လည်း ပါဝင်ပါတယ်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး မာကိုရူဘီယိုက တောင်အာဖရိက သံအမတ် အီဘရာဟင်ရာဆူးလ်ကို မတ် ၁၃ ရက်က ထုတ်ပယ်ခဲ့တာ ဖြစ်ပါတယ်။
ရာဆူးလ်ကို လူမျိုးစုတွေ ရန်စတဲ့ နိုင်ငံရေးသမားလို့ ရူဘီယိုက ခေါ်ခဲ့ပြီး သူဟာ အမေရိကန်နဲ့ သမ္မတထရမ့်ပ်ကို မုန်းတီးသူဖြစ်တယ်လို့ ပြောပါတယ်။
အဲဒီနောက် တောင်အာဖရိကသမ္မတရုံး ဝက်ဘ်ဆိုက်နဲ့ ဆိုရှယ်မီဒီယာ X မှာ ဒီကိစ္စနဲ့ သက်ဆိုင်သူအားလုံး သံတမန်ရေးအရ ထိန်းသိမ်းဖို့ ဖော်ပြခဲ့ပါတယ်။
တောင်အာဖရိကနဲ့ အမေရိကန်တို့ရဲ့ နှစ်နိုင်ငံ ဆက်ဆံရးဟာ ထရမ့်ပ်ရဲ့ အမေရိကန် အကူအညီပေးမှု ဖြတ်တောက်ပြီးနောက်ပိုင်း ဆိုးရွားလာတာဖြစ်ပါတယ်။
ဒါ့အပြင် မြေယာပေါ်လစီကို သဘောမကျမှုနဲ့ လူမျိုးတုံးသတ်ဖြတ်မှုနဲ့ အစ္စရေးကို ICC မှာ အမေရိကန်ရဲ့ မဟာမိတ်အစ္စရေးကို တရားစွဲမှု စတဲ့ အကြောင်းတွေကြောင့် နှစ်နိုင်ငံ ဆက်ဆံရေးပိုဆိုးလာတယ်လို့ ရိုက်တာက ဖော်ပြပါတယ်။
Source: Reuters