Home
နိုင်ငံတကာ
ပီရူးတွင် မိုးသည်းထန် ရေကြီးပြီး ဒေသခံများရွှေ့ပြောင်း
DVB
·
March 5, 2025
Photo : DANNY GARCIA URBINA / NATIONAL POLICE OF PERU / PERUVIAN GOVERNMENT / PERUVIAN MINISTRY OF DEFENSE

ပီရူးနိုင်ငံမြောက်ပိုင်းမှာ အခုသီတင်းပတ်ကုန်က မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ရေကြီးမှုနဲ့ မြစ်ရေလျှံမှုတွေ ဖြစ်ပွားခဲ့ပြီး ဒေသခံတွေကို သူတို့ရဲ့နေအိမ်တွေကနေ ထွက်ခွာ ရွှေ့ပြောင်းခိုင်းရပြီးတော့ အစိုးရက အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ရပါတယ်။

ပီရူးဝန်ကြီးချုပ် ဂူစတာဗို အာဒရီယန်ဇန်က “တွန်းမ်ဘက်စ်မြစ်က ၂ ဆနီးပါး ရေစီးဆင်းလာပြီး တချို့မြို့တွေမှာ ရေကြီးမှုတွေ ဖြစ်ခဲ့တာကြောင့် သမ္မတက ဝန်ကြီးတွေကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေကို တွန်းမ်ဘက်စ်၊ လာလီဘယ်တာ့ဒ်နဲ့ ဟွာနုကို ဒေသတွေဆီ ပို့ဆောင်ပေးဖို့ အမိန့်ထုတ်ထားကြောင်း”  ပြောပါတယ်။

မိုးသည်းထန်စွာ ရွာသွန်းမှုရဲ့ သက်ရောက်မှုအတွက် မြောက်ပိုင်းဒေသတွေရှိ ခရိုင်အများအပြားနဲ့ တချို့ပြည်နယ်တွေမှာ အရေးပေါ်အခြေအနေ ကြေညာတော့ဖို့ စတုတ္ထမြောက် အမြင့်ဆုံး အမိန့်ကိုလည်း အပြီးသတ်နေပြီလို့ ဆိုပါတယ်။

တွန်းမ်ဘက်စ် မြောက်ပိုင်းဒေသမှာ နေထိုင်သူတွေဟာ တွန်းမ်ဘက်စ် မြစ်ရေတိုးမှုက ပုံမှန်စီးဆင်းမှုကနေ တစက္ကန့်ကို ၂,၁၁၃ ဒသမ ၆၉ ကုဗမီတာအထိ ၂ ဆတိုး စီးဆင်းနေတာကို တွေ့မြင်ခဲ့ရကြောင်း အမျိုးသား မိုးလေဝသနဲ့ ဇလဗေဒညွှန်ကြားမှုဦးစီးဌာန (ဆီနမ်ဟီ) အရ သိရှိရပြီး ဒေသတခုလုံးမှာ အနီရောင်သတိပေးချက် ထုတ်ပြန်ထားပါတယ်။

မတ် ၃ ရက်မှာ မြစ်ရဲ့ထုထည်ဟာ မြစ်ရေတိုးမှုက တစက္ကန့်ကို ၁,၀၀၀ ကုဗမီတာကို ကျော်လွန်သွားတာကြောင့် အစိုးရက အနီရောင်သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

ရေကြီးမှုကြောင့် လူပေါင်း ၁၅၀,၀၀၀ လောက်နဲ့ အိမ်ခြေ ၃,၀၀၀ လောက်ကို ထိခိုက်ခဲ့ပြီး ပျက်စီးယိုယွင်းနေတဲ့ ဗာဂျန် ဒယ်လ်ကာမန် သင်္ချိုင်းဝင်းလို အများသူငါနေရာတွေမှာလည်း ပျက်စီးမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

အနီရောင်သတိပေးချက် ဆိုတာဟာ မြစ်ရေလျှံလိမ့်မယ်လို့ ခန့်မှန်းထားတာဖြစ်ပြီး လူနေထူထပ်တဲ့ နေရာတွေနဲ့ လယ်ယာမြေတွေမှာ ရေလွှမ်းမိုးမှုတွေ ဖြစ်ပေါ်နိုင်တာ ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013