Home
မြန်မာသတင်း
စစ်ကောင်စီက ဒီးမော့ဆိုမြို့နယ်ထဲကို ဗုံး ၈ လုံးထက်မနည်း ကြဲချ
DVB
·
March 4, 2025

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် အနောက်ဘက်ခြမ်းကို မတ် ၄ ရက်နေ့မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ဗုံး ၈ လုံးထက်မနည်း ကြဲချတိုက်ခိုက်ခဲ့တယ်လို့ စစ်ဘေးရှောင်ပြည်သူတွေက ​ပြောပါတယ်။

ဒီနေ့ မွန်းတည့် ၁၂ နာရီဝန်းကျင်က လေယာဥ် ၄ စီးနဲ့ ဗုံး ၈ လုံးမက ကြဲပြီး လက်နက်ကြီးနဲ့လည်း ၃ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ သိရပါတယ်။

စစ်ဘေးရှောင် အမျိုးသမီးတယောက်က် “လေယာဥ်က ၄ စီးထင်တာပဲ၊ ခေါက်တုံ့ခေါက်ပြန် သွားနေတာလေ၊ မဝဲဘူး။ လာလာကြဲကြဲပဲ။ စစ်ရှောင်တယောက် ထိခိုက်တယ် ကြားတယ် အစစင်တာ။ နွားတွေလည်း ထိတာတွေ့တယ်” လို့ ပြောပါတယ်။

ဒေသခံ စစ်ဘေးရှောင်တယောက်က “အခုပဲ လေယာဉ်လာကြဲတယ်။ အခုပဲ အနားမှာ လက်နက်ကြီး ကျတယ်။ လောလောဆယ် ကျင်းထဲမှာပဲ‌ နေနေရတယ်။ ကြဲတာက ဆေးခန်းနား ကျတယ်။ ပစ်တာက စစ်ရှောင်အောက်ထဲ ကျတယ်” လို့ ပြောပါတယ်။

လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု၊ လက်နက်ကြီးနဲ့ ပစ်ခတ်မှုကြောင့် နေအိမ်တချို့၊ စစ်ဘေးရှောင်ပြည်သူနဲ့ တိရစ္ဆာန်တို့ ထိခိုက်မိတယ်လို့ သိရပြီး အရေအတွက် အတိအကျကိုတော့ ဆက်လက်စုံစမ်းနေဆဲ ဖြစ်ပါတယ်။

ဒီးမော့ဆိုအနောက်ခြမ်းမှာ စစ်ဘေးရှောင်ပြည်သူ သောင်းချီနေထိုင်ကြပြီး လေယာဥ်ကြဲမှုကြောင့် စိုးရိမ်ထိတ်လန့်နေကြတဲ့အပြင် စျေးဆိုင်ခန်းတွေကိုလည်း ပိတ်ထားတယ်လို့ သိရပါတယ်။

ဒေသအတွင်း လူမှုကူညီရေးအဖွဲ့တဖွဲ့ဖြစ်တဲ့ Job for Kayah လူမှုကွန်ရက်စာမျက်နှာမှာတော့ လေယာဉ်နဲ့ လာရောက်ပစ်ခတ်နေတာ တနေ့တည်းမှာတင် ၃ ကြိမ်ရှိနေပြီး လက်ရှိအချိန် ချယ်ရီကုန်းဘက် အသွားအလာမလုပ်ကြဖို့ တိုက်တွန်းထားပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013