Home
နိုင်ငံတကာ
ဂျိမ်းစဘွန်း ရုပ်ရှင်များကို Amazon ၏ MGM စတူဒီယို၌ ဖန်တီးခွင့်ရ
DVB
·
February 22, 2025
Photo-Reuters

ဂျိမ်းစဘွန်း ရုပ်ရှင်တွေကို Amazon ရဲ့ MGM စတူဒီယိုက ဖန်တီးခွင့်ရရှိပြီလို့ Amazon က ဖေဖော်ဝါရီ ၂၀ ရက်မှာ ပြောပါတယ်။

ဂျိမ်းစဘွန်းရုပ်ရှင်တွေကို မိုက်ကယ်ဝီလ်ဆန်နဲ့ ဘာဘာရာဘရိုကိုလီတို့က ကာလရှည် မူပိုင်ရရှိထားတာဖြစ်ပြီး Amazon က ဖန်တီးမှုပါ ရရှိခဲ့တာဖြစ်ပါတယ်။

Amazon ဟာ ၂၀၂၂ ခုနှစ်မှာ MGM စတီဒီယိုကို ဝယ်ယူခဲ့ပြီးနောက် ဂျိမ်းစဘွန်း ဇာတ်ကားတွေ ဖြန့်ချိခွင့် ရရှိခဲ့ရာကနေ လက်ရှိအချိန်မှာ ဖန်တီးခွင့်ပါ ရရှိမှာဖြစ်ပါတယ်။

MGM စတူဒီယိုကို ဝယ်ယူချိန်မှာ ဇာတ်ကားပေါင်း ၄,၀၀၀ ကျော်နဲ့ တီဗွီရှိုးပေါင်း ၁၇,၀၀၀ ကျော် ပါဝင်ပါတယ်။

Amazon ဟာ ပြိုင်ဘက်တွေဖြစ်တဲ့ Netflix နဲ့ Walt Disney တို့ကို ယဉ်ပြိုင်ဖို့ ပြိုင်ဘက် ဖြစ်လာပါတယ်။

ဘရိုကိုလီနဲ့ Amazon တို့ကြား ဆက်ဆံရေး မပြေလည်မှုတွေ ဖြစ်ခဲ့တာကြောင့် ဂျိမ်းစဘွန်းဇာတ်ကားသစ် ထုတ်လုပ်မှု ကြန့်ကြာခဲ့တယ်လို့ Wall Street Journal က ဒီဇင်ဘာလမှာ ဖော်ပြခဲ့ဖူးပါတယ်။

အဲဒီနောက်ပိုင်းမှာ ဟောလိဝုဒ်ရဲ့ အကျော်ကြားဆုံးနဲ့ အရှည်ဆုံး ရုပ်သံစီးရီးဖြစ်တဲ့ ဂျိမ်းစဘွန်း ဇာတ်ကားတွေ ဖန်တီးမှု အနာဂတ်က မသေမချာ ဖြစ်ခဲ့ပါတယ်။

၂၀၂၁ ခုနှစ်က ထွက်ခဲ့တဲ့ No Time to Die ရုပ်ရှင်ဟာ ကမ္ဘာတဝန်း ဒေါ်လာသန်း ၈၀၀ နီးပါး ရရှိခဲ့ပြီး ဘွန်းရုပ်ရုင်ပိုင်ဆိုင်ခွင့်ကို ပူးတွဲပိုင်ဆိုင်မှုအဖြစ် ရှေ့ဆက်သွားမယ်လို့ Amazon က ပြောပါတယ်။

“ဒီအချိန်မှာ တခြားပရောဂျက်တွေကို အာရုံစိုက်ရမယ့် အချိန်လို့ ထင်ပါတယ်” လို့ ၁၉၉၅ ခုနှစ်ကတည်းက ဘွန်းရုပ်ရှင်တွေကို အမွေအဖြစ် ပူးတွဲဆက်ခံခဲ့တဲ့ ဘရိုကိုလီက ပြောပါတယ််

ပရိသတ်တွေဟာ ၂၆ ကားမြောက် ဂျိမ်းစဘွန်းရုပ်ရှင်ကို စောင့်မျှော်နေတာဖြစ်ပြီး Amazon က ဇာတ်ကားသစ်တွေကို ဖန်တီးရမှာပါ။

၂၀၂၁ ခုနှစ်က မင်းသား ဒါနီရယ်ခရစ် ဂျိမ်းစဘွန်းဇာတ်ကား ဆက်မရိုက်တော့တာကြောင့် မင်းသားသစ်လည်း ရွေးချယ်ရမှာပါ။

လက်ရှိအချိန်မှာ ဂျိမ်းနော်တွန်၊ သီယိုဂျိမ်း၊ တေလာဂျွန်ဆင်တို့ ဖြစ်လာဖွယ်ရှိတယ်လို့ အွန်လိုင်းလောင်းကစားဆိုက် လတ်ဘရုတ်မှာ ခန့်မှန်းထားပြီး fast and furious မှာပါတဲ့ အက်ရစ်အယ်ဘာနဲ့ စူပါမင်းအဖြစ် သရုပ်ဆောင်တဲ့ ဟင်နရီကာဗီးလ် စတဲ့ သရုပ်ဆောင်ကြီးတွေကိုလည်း ပရိသတ်တွေက ပစ်မှတ်ထားနေပါတယ်။

အီရန်ဖလင်းမင်းရဲ့ ဝတ္ထုတွေကို အခြေခံပြီး ဂျိမ်းစဘွန်းရုပ်ရှင်တွေကို ဖန်တီးလာတာ နှစ်ပေါင်း ၆၀ ကျော်ပြီဖြစ်ကာ ဝင်ငွေ ဒေါ်လာ ၇ ဘီလီယံကျော် ရရှိခဲ့တာကြောင့် အအောင်မြင်ဆုံး ဇာတ်ကောင်တခု ဖြစ်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013