Home
နိုင်ငံတကာ
ဩစတြေးလျတွင် နာဇီပုံစံ အလေးပြုပါက ထောင်ဒဏ်ချမှတ်ခံရမည်
DVB
·
February 8, 2025
Photo-Reuters

ဩစတြေးလျရဲ့ ဥပဒေအသစ်အရ နာဇီအလေးပြုတာ ပြုလုပ်ပါက မဖြစ်မနေ  ထောင်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

အမုန်းသင်္ကေတတွေနဲ့ အကြမ်းဖက်မှုတွေအတွက် ၁ နှစ်ကနေ ၆ နှစ်အထိ ထောင်ဒဏ် ချမှတ်ခံရမှာ ဖြစ်ပါတယ်။

ဒီလို ပြစ်ဒဏ်သတ်မှတ်ဖို့ ဩစတြေးလျလွှတ်တော်မှာ ပြီးခဲ့တဲ့ ကြာသပတေးနေ့က အမုန်းပြစ်မှု ဥပဒေတွေကို အတည်ပြုခဲ့တာ တွေ့ရပါတယ်။

ဩစတြေးလျနိုင်ငံမှာ ဂျူးလူမျိုးတွေကို မုန်းတီးပြီး တိုက်ခိုက်မှုတွေ ပိုမြင့်မားလာတဲ့နောက် ဒီကိစ္စဟာ နိုင်ငံရဲ့ အဓိကဆွေးနွေးစရာကိစ္စလည်း ဖြစ်လာခဲ့ပါတယ်။

အစိုးရက ဖော်ပြချက်မှာ ဩစတြေးလျရဲ့ ဥပဒေတွေအနက် အမုန်းတရားကြောင့်ဖြစ်တဲ့ ရာဇဝတ်မှုတွေကို ဆန့်ကျင်ဖို့ အပြင်းဆုံး ဥပဒေတခုလည်း ဖြစ်ပါတယ်။

မဖြစ်မနေ အပြစ်ပေးမှုအောက်မှာ အမုန်းသင်္ကေတများနဲ့ နာဇီအလေးပြုတွေလည်း ပါဝင်ပြီး အနည်းဆုံး ထောင်ဒဏ် ၁ နှစ် ချမှတ်မှာ ဖြစ်ပါတယ်။

တခြားအမှုတွေအနက် အကြမ်းဖက်မှုကို ငွေကြေးထောက်ပံ့မှုအတွက် အနည်းဆုံး ၃ နှစ်နဲ့ အကြမ်းဖက်ဖို့ စီစဉ်တာ ဒါမှမဟုတ် ကျူးလွန်တာ တွေ့ရှိပါက ၆ နှစ်အထိ ထောင်ဒဏ် ချမှတ်နိုင်တယ်လို့ ပါရှိပါတယ်။

ပြီးခဲ့တဲ့ လအနည်းငယ်က ဩစတြေးလျမှာ ဂျူးတွေကို ပစ်မှတ်ထား တိုက်ခိုက်မှုတွေ အကြိမ်များစွာ ဖြစ်ပွားခဲ့ပါတယ်။

ပြီးခဲ့တဲ့အပတ်ကပဲ ဆစ်ဒနီမှာ ပေါက်ကွဲစေတဲ့ ပစ္စည်းတွေနဲ့ ဂျူးမုန်းတီးရေးမှတ်စုတွေ ပါဝင်တဲ့ ကားတစီးကို အာဏာပိုင်တွေက တွေ့ခဲ့ပါတယ်။

အန္တရာယ်ရှိပစ္စည်းတွေ မတွေ့မီ တပတ်ကလည်း ဆစ်ဒနီရှိ ဂျူးလူမျိုးတွေတက်တဲ့ ကျောင်းအနီးက ကလေးစောင့်ရှောက်မှုစင်တာမှာ မီးလောင်မှုနဲ့ ဂျူးဆန့်ကျင်ရေး ဂရာဖစ်တီတို့ကို နံရံမှာ ဆေးခြယ်ထားတာလည်း တွေ့ရပါတယ်။

ဩစတြေးလျမှာ နာဇီပုံစံအလေးပြုတာနဲ့ နာဇီအမှတ်အသားဖြစ်တဲ့ စကြာ တံဆိပ်တွေကို ၂၀၂၄ ခုနှစ်ကတည်းက ပိတ်ပင်ထားပြီး တွေ့ရှိပါက ၁ နှစ် ထောင်ချနိုင်ပါတယ်။

Source : Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013