Home
မြန်မာသတင်း
စစ်ခေါင်းဆောင်က ဗိုလ်ချုပ် ၄ ဦးကို ရာထူးအပြောင်းအလဲ ပြုလုပ်
DVB
·
January 31, 2025
zaw hein 31-01-2025

စစ်ခေါင်းဆောင်က နိုင်ငံတော်အာဏာ သိမ်းယူထားတဲ့ သက်တမ်း ၆ လသက်တမ်းတိုးတဲ့ နေ့မှာပဲ ဗိုလ်ချုပ်ဇော်ဟိန်း၊ ဗိုလ်ချုပ်ပြည့်စုံလင်း၊ ဗိုလ်ချုပ်ကျော်ကျော်ဟန်နဲ့ ဗိုလ်ချုပ်အောင်ကျော်ကျော် တို့ ၄ ယောက်ကို ရာထူတိုးမြှင့် နေရာ အချိန်းအပြောင်းတွေ လုပ်ခဲ့ပါတယ်။

ရန်ကုန်တိုင်းစစ်ဌာနချုပ်ကို တိုင်းမှူးအဖြစ် ၂၀၂ ၃ ခု မေ ၃၀ ရက်မှ ရောက်လာတဲ့ ဗိုလ်ချုပ် ဇော်ဟိန်းကို စစ်ထောက်ချုပ် ရာထူးခန့်လိုက်ပြီး မကြာမီ ဒုဗိုလ်ချုပ်ကြီးအဆင့်ကို တိုးမြှင့်ပေးတော့မယ်လို့ စစ်ရေးသတင်းအရင်း အမြစ်နဲ့နီးစပ်သူတဦးက DVB ကို ပြောပါတယ်။

"ဗိုလ်ချုပ်ဇော်ဟိန်းကို ရာထူးတိုးပေးဖို့ စီစဥ်တာ အရင် ၆ လသက်တမ်းတိုးကတည်းက ရာ ထူးတိုးတာလည်း မြန်တယ်။ အာဏာသိမ်းပြီး ၆ လလောက်မှာ နေပြည်တော်တိုင်းမှူးဖြစ်တယ်၊ အဲ့ကနေ ဗိုလ်ချုပ်ညွန့်ဝင်းဆွေ ကစထမှူးဖြစ်တော့ ရန်ကုန်တိုင်းမှူးဖြစ်လာတယ်၊ အခု စစ်ထောက်ချုပ်ဖြစ်လာတယ်၊ မကြာခင် ဒုဗိုလ်ချုပ်ကြီးအဆင့်တိုးပေးတော့မှာ။” 

လစ်လပ်သွားတဲ့ ရန်ကုန်တိုင်း စစ်ဌာနချုပ်တိုင်းမှူးနေရာကို ကမ်းရိုးတန်းစစ်ဌာနချုပ် ဗိုလ်ချုပ်ပြည့်စုံလင်းကို ခန့်ထားပြီး ကလောအခြေစိုက် စစ်ဦးစီးတက္ကသိုလ်မှ ကျောင်းအုပ်ကြီး ဗိုလ်ချုပ်ကျော်ကျော်ဟန်ကို ကမ်းရိုးတန်းစစ်ဌာနချုပ်တိုင်းမှုးအဖြစ် စစ်ခေါင်းဆောင်က ခန့်ထားခဲ့တာပါ။

ဒါ့အပြင် ပြည်ထဲရေးဒုဝန်ကြီးအဖြစ် အောက်မြန်မာပြည် စစ်ဘက်ရေးရာ လုံခြုံရေးအရာရှိချုပ်ရုံး၊ ကွပ်ကဲရေးမှူး ဗိုလ်ချုပ်အောင်ကျော်ကျော်ကို တာဝန်ပေးပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၂၃ ခု မတ်လ ၃၀ ရက် က စထမှူးတွေ တိုင်းမှူးတွေကို ရာထူးအချိန်အပြောင်းလုပ်ခဲ့ရာ ရန်ကုန်တိုင်း တိုင်းမှူး ဗိုလ်ချုပ်ညွန့်ဝင်းဆွေက ဒုတိယဗိုလ်ချုပ်ကြီးဖြစ်လာပြီး ကစထမှူး ၄ တာဝန်ယူရပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024