Home
မြန်မာသတင်း
ကိုးကန့်တပ် ထိန်းချုပ်ထားသည့် လားရှိုးတွင် ပြည်လည်နေထိုင်သူများဖြင့် စည်ကားစပြု
DVB
·
December 19, 2024

MNDAA ကိုးကန့်တပ် ထိန်းချုပ်ထားတဲ့ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့မှာ ပြည်လည်အခြေချနေထိုင်သူတွေနဲ့ စည်ကားစပြုနေပြီလို့ မြို့ခံတွေက ပြောပါတယ်။ 

ရှမ်းပြည်နယ်မြောက်ပိုင်းရဲ့ မြို့တော်လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်းအားစုတွေ အပြည့်အဝထိန်းချုပ်ထားတာ အခုဆိုရင် ၅ လထဲရောက်ရှိနေပြီဖြစ်ပါတယ်။ 

လက်ရှိ လားရှိုး မြို့ပေါ်ရပ်ကွက်တွေမှာ ဖုန်းလိုင်း၊ လျှပ်စစ်မီးနဲ့ အင်တာနက်လိုင်းတွေ အသုံးပြုလို့ရနေကာ ဈေးဆိုင်တွေလည်း ပြန်လည်ဖွင့်လှစ်နေပြီး အဝေးပြေးယာဉ်လိုင်းတွေလည်း စတင်ပြေးဆွဲနေပါတယ်။ မြို့သိမ်းတိုက်ပွဲအတွင်း တိမ်းရှောင်သွားကြတဲ့ ပြည်သူတွေ နေရပ်ပြန်ကာ အခြေချနေထိုင်နေကြလို့ မြို့ဟာ စည်ကားစပြုလာတာပါ။

လားရှိုးမြို့ကို MNDAA ကိုးကန့်တပ်ဦးဆောင်တဲ့ တော်လှန်ရေးအင်းအားစုတွေက ထိန်းချုပ်ထားတဲ့ ၅ လတာ ကာလအတွင်း ကာလအတွင်း လားရှိုးမြို့ကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်မှုတွေ ဆက်တိုက်ပြုလုပ်ခဲ့ပါတယ်။ 

အဲ့ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ဘာသာဆိုင်ရာအဆောက်ဦတွေ၊ စာသင်ကျောင်းတွေ၊ ဈေးဆိုင်တွေ၊ ပြည်သူနေအိမ်တွေ များစွာပျက်စီးခဲ့ကာ အရပ်သား ထိခိုက်ဒဏ်ရာရသေဆုံးသူ ရာဂဏန်းဝန်းကျင်ခဲ့တာပါ။ လက်ရှိ ဒီဇင်ဘာလအတွင်း လားရှိုးမြို့ပေါ်က အရပ်သားတွေနေထိုင်ရာ ရပ်ကွက်တွေကို စစ်ကောင်စီက ဗုံးကြဲတိုက်ခိုက်တာပါ။

လက်ရှိ အုပ်ချုပ်ရေးယန္တရား အဆင့်ဆင့်လည်ပတ်နေပြီး ပြည်သူ့ကျန်းမာရေးလုပ်ငန်းစဉ်တွေနဲ့ အခြားဝန်ဆောင်မှုတွေကိုလည်း သက်ဆိုင်ရာဌာနတွေက ဆောက်ရွက်နေပါတယ်။ ပြီးခဲ့တဲ့ရက်ပိုင်းက တရုတ်နိုင်ငံ၊ ကူမင်းမြို့မှာ စစ်ကောင်စီနဲ့ MNDAA  နှစ်ဖက်ကိုယ် စားလှယ်တွေ  တွေ့ဆုံဆွေးနွေးရာမှာ MNDAA အနေနဲ့ လားရှိုးမြို့ကနေ တပ်ဆုတ်ပေးရမယ်ဆိုတဲ့ အချက် အပါအဝင် လက်မခံနိုင်တဲ့ တောင်းဆိုချက်တွေကို စစ်ကောင်စီဘက်က တောင်းဆိုခဲ့တာကြောင့် ဆွေးနွေးပွဲ အထမမြောက်ဘဲ တွေ့ဆုံပွဲတခုသာသာလောက်ပဲ ဖြစ်ခဲ့တယ်လို့  MNDAA သတင်းအရင်းမြစ်က ပြောပါတယ်။

ခွန်ဇော်ဦး

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013