နျူးကလီးယားစစ်ပွဲ မဖြစ်အောင်တားဖို့ ရုရှားနိုင်ငံက တတ်နိုင်သမျှ လုပ်ဆောင်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂီလာ့ဗရော့ဗ်က နိုဝင်ဘာ ၁၉ ရက်မှာ ပြောပါတယ်။
“နျူးကလီးယားစစ်ပွဲ ဖြစ်လာမှာကို ခွင့်မပြုရေး အားလုံးကိုလုပ်ဆောင်ဖို့ ကျနော်တို့ အခိုင်အမာ ထောက်ခံပါတယ်။ ဆိုဗီယက်ယူနီယံခေတ်က အမေရိကန်ပြည်ထောင်စုကို ပထမဆုံး အကြံပြုခဲ့တာ ကျနော်တို့ပါ။ နျူးကလီးယားနဲ့ ဘယ်တော့မှ စစ်ကို အနိုင်မပိုင်းရဘူး၊ ဘယ်တော့မှ နျူးကလီးယားစစ်ပွဲ မစရဘူးလို့ ဆိုဗီယက်သမ္မတ ဂေါ်ဘာချော့ဗ်နဲ့ အမေရိကန်သမ္မတ ရေဂင်တို့ ပူးတွဲကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်” လို့ လာ့ဗရော့ဗ်က ပြောပါတယ်။
“နျူးကလီးယားလက်နက်ဟာ ဘယ်လိုနျူးကလီးယားစစ်ပွဲကိုမဆို တားဆီးထိန်းချုပ်ဖို့ ပထမဆုံး အထင်ကရလက်နက် ဖြစ်တယ်ဆိုတာ ကျနော်တို့ ယုံကြည်ပါတယ်” လို့လည်း သူက ဆက်ပြောပါတယ်။
နျူးကလီးယားလက်နက်တွေဟာ နျူးကလီးယားစစ်ပွဲ အဟန့်အတားအဖြစ် အရေးယူ ဆောင်ရွက်မှာပါလို့လည်း လာ့ဗရော့ဗ်က ရီယိုဒီဂျနေရိုမြို့မှာ သတင်းထောက်တွေကို ပြောပါတယ်။
ရုရှားနိုင်ငံ အနောက်ဘက်ခြမ်းဆီ ယူကရိန်းက အမေရိကန်လုပ် ATACMS ဒုံးကျည်တွေကို ပစ်ခတ်ခဲ့တယ်လို့ ရုရှားအစိုးရက ပြောအပြီး ရုရှားသမ္မတ ဗလာဒီမာပူတင်က မူဝါဒစာတမ်းသစ်ထဲမှာ နျူးကလီးယားလက်နက်တွေကို ရုရှားက သုံးဖို့ အနိမ့်ဆုံး ကန့်သတ်ချက်တွေကို နိုဝင်ဘာ ၁၉ ရက်မှာ လျှော့ချခဲ့ပါတယ်။
Source : Reuters