နိုဝင်ဘာ ၂၀ ရက်မှာ ကျရောက်တဲ့ အပြည်ပြည်ဆိုင်ကလေးများနေ့ အထိမ်းအမှတ်ပွဲကို ထိုင်း-မြန်မာနယ်စပ် မဲဆောက်မြို့ ဆာသူးလေး ရွှေ့ပြောင်းကျောင်းမှာ ကျင်းပခဲ့ရာမှာ မြန်မာနိုင်ငံက ရွေ့ပြောင်းလုပ်သားတွေနဲ့ တိုင်းရင်းသားတွေရဲ့ ကလေးငယ်တွေ ပါဝင်ဆင်နွှဲခဲ့ကြ ပါတယ်။
မြန်မာပြည်မှာ စစ်အာဏာသိမ်းထားတာကြောင့် ပြည်ပကို ထွက်လာခဲ့ကြတဲ့ တိုင်းရင်းသားစုံ ကလေးငယ်တွေဟာလည်း ဒီနေ့ပွဲမှာ ဝင်ရောက် ဆင်နွှဲနေကြတာပါ။ ကမ္ဘာ့ကုလသမဂ္ဂက နိုဝင်ဘာလ ၂၀ ရက်ကို အပြည်ပြည်ဆိုင်ရာကလေးများနေ့အဖြစ် သတ်မှတ်ပြီး ကလေးအခွင့်အရေး၊ ကလေးတွေဘဝ လုံခြုံရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးမြှင့်တင်ရေးတို့အတွက် ရည်ရွယ် ကျင်းပနေကြတာဖြစ်ပါတယ်။