ကမ္ဘာ့ဟဲဗီးဝိတ်ချန်ပီယံဟောင်း မိုက်တိုင်ဆန်နဲ့ ယူကျုဘာကနေ လက်ဝှေ့သမားဖြစ်လာတဲ့ ဂျိတ်ပေါလ်တို့ဟာ လူမြင်ကွင်းမှာ လေ့ကျင့်မှုပြုလုပ်ခဲ့ပါတယ်။
မိုက်တိုင်ဆန်နဲ့ ဂျိတ်ပေါလ်တို့ဟာ သောကြာနေ့မှာ လက်ဝှေ့ထိုးသတ်ဖို့ စီစဉ်ထားတာဖြစ်ပြီး ပြိုင်ပွဲအကြို သူတို့ ၂ ယောက် လေ့ကျင့်သရုပ်ပြခဲ့တာပါ။
အသက် ၅၈ နှစ်အရွယ်ရှိ မိုင်တိုင်ဆန်ဟာ ပရော်ဖက်ရှင်နယ်လက်ဝှေ့သမားအဖြစ် ၁၀ ပွဲသာ ထိုးထားရတဲ့ ဂျိတ်ပေါလ်နဲ့ ထိုးသတ်ဖို့ လက်ဝှေ့ကြိုးဝိုင်းထဲကို ပြန်ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။
သူတို့ ၂ ယောက်ရဲ့ ပွဲစဉ်ကို ပရိသတ် ၈၀၀၀၀ ဆန့်တဲ့ AT&Tကွင်းမှာ ကျင်းပမှာဖြစ်ပါတယ်။ အလဲထိုးပွဲတွေနဲ့ နာမည်ကြီးခဲ့တဲ့ မိုက်တိုင်ဆန်ဟာ ၁၉၉၂ ခုနှစ်က မုဒိန်းမှုနဲ့ပြစ်ဒဏ်ချခံခဲ့ရပြီး အပြစ်မရှိကြောင်း ပြသနိုင်ခဲ့ပါတယ်။
မိုင်တိုင်ဆန်ဟာ ၁၉၉၇ ခုနှစ်က ပြိုင်ဘက် ဟိုလီဖီးရဲ့ နားရွက် ကိုက်ခဲ့မှုကြောင့် နာမည်ကျဆင်းခဲ့သူဖြစ်ပြီး လက်ဝှေ့လိုင်စင် ရုပ်သိမ်းခံခဲ့ရသူ ဖြစ်ပါတယ်။
၂၀၀၅ ခုနှစ်ကတည်းက လက်ဝှေ့ မထိုးတော့ဘဲ အခုအချိန် လက်ဝှေ့ကြိုးဝိုင်းထဲပြန်ဝင်တာက ပိုက်ဆံအတွက်ဆိုတဲ့ ပြောဆိုမှုတွေကို မိုက်တိုင်ဆန်က ငြင်းဆိုထားပါတယ်။
သံမဏိမိုက်လို့ လူသိများတဲ့ မိုက်တိုင်ဆန်ဟာ ပွဲပေါင်း ၅၀ မှာ ၄၄ ပွဲ အလဲထိုးနဲ့ အနိုင်ရခဲ့ပြီး လက်ဝှေ့သမိုင်းမှာ ကြောက်စရာအကောင်းဆုံး ဟဲဗီးဝိတ်လက်ဝှေ့ကျော်ဖြစ်ခဲ့ပါတယ်။
အသက် ၃၁ နှစ်အရွယ်ရှိ ပေါ်လ်ဟာ ၉ ပွဲမှာ ၁ ပွဲပဲ ရှုံးနိမ့်ခဲ့ပြီး သူနဲ့ ရင်ဆိုင်ခဲ့သူအများစုက MMA ကစားသမားဟောင်းတွေ ဖြစ်ပါတယ်။
မိုက်တိုင်ဆန်နဲ့ ပေါ်လ်တို့ ပွဲစဉ်ကို ၁ ချီမှာ ၂ မိနစ်နဲ့ ၈ ချီယှဉ်ပြိုင်ရမှာဖြစ်ပြီး ၁၄ အောင်စလေးတဲ့ လက်ဝှေ့အိတ်ကို အသုံးပြုရမှာဖြစ်ပါတယ်။
Photo-Reuters