ကိုလံဘီယာနိုင်ငံက သိပ္ပံပညာရှင်တွေဟာ စိုက်ပျိုးရေးသုံးဓာတုဗေဒပစ္စည်းတွေကြောင့် ပိုးမွှားတွေရဲ့ ဦးနှောက်အာရုံကြောထိခိုက်မှုကနေ ကင်းဝေးစေဖို့ ပျားတွေရဲ့ ဦးနှောက်ကို ပိုးသတ်ဆေးတွေကနေ ကာကွယ်ပေးတဲ့ ဆန်းသစ်တဲ့ အစာအာဟာရကို တီထွင်နိုင်ခဲ့ပါတယ်။
ဝတ်မှုန်ကူးသူတွေအနေနဲ့ ပျားတွေဟာ သဘာဝဂေဟစနစ်တွေကို ထိန်းသိမ်းစောင့်ရှောက်ဖို့နဲ့ အစားအစာထုတ်လုပ်မှုအတွက် မရှိမဖြစ် သတ္တဝါတွေလို့ ယူဆကြပါတယ်။
အမေရိကန်နိုင်ငံ အရီဇိုးနားတက္ကသိုလ်နဲ့ ကိုလံဘီယာနိုင်ငံက ဟာဗယ်ရီယားနားတက္ကသိုလ်တို့က အာရုံကြောသိပ္ပံဌာနတို့ ပူးပေါင်းပြီး ကိုလံဘီယာနိုင်ငံ ဘိုဂိုတာမြို့က ပုဂ္ဂလိကတက္ကသိုလ် ရီစာရီယိုတို့ ၃ ပွင့်ဆိုင်ပြီး အပင်အခြေခံ ဖြည့်စွက်အားဆေးကို တီထွင်ခဲ့တာပါ။
ဒီဆေးတွေဟာ ပျားတွေကို စိုက်ပျိုးရေးမှာ အသုံးများတဲ့ အာရုံကြောဆိုင်ရာ အဆိပ်အတောက်တွေကို ကိုင်တွယ်ဖြေရှင်းနိုင်စေပါတယ်။
ဒါ့အပြင် ပျားတွေရဲ့ မော်တာစနစ်နဲ့ မှတ်ဉာဏ်ကို မထိခိုက်အောင် ကူညီပေးပါတယ်။ ရိုစာရီယို တက္ကသိုလ်က လက်ထောက်ပါမောက္ခ အန်ဒရေရီဗားရော့စ်က တီထွင်ဆန်းသစ်မှုကြောင့် ပိုးသတ်ဆေးနဲ့ ထိတွေ့ချိန်မှာ ပျားတွေ ရင်ဆိုင်ရတဲ့ ပြဿနာအတွက် အာဟာရဆိုင်ရာ အဖြေတစ်ခုလို့ ပြောပါတယ်။
ဖော်မြူလာကို ကျန်းမာရေး အကျိုးကျေးဇူးတွေအတွက် လူသိများတဲ့ အပင်ကရတဲ့ ဆင့်ပွား ပစ္စည်းတွေနဲ့ ဖန်တီးထားပါတယ်။
အအေးခံပြီးတဲ့နောက် ဓာတ်ခွဲခန်းငယ်တွေမှာ ထားရှိရင်း သိပ္ပံပညာရှင်တွေက ဖြည့်စွက်စာ အစပျိုးချိန်မှာ ပျားတွေကို တကောင်ချင်း ဆေးတိုက်ကျွေးခဲ့ပါတယ်။
သဘာဝသိပ္ပံကျောင်းသား ဟွမ်ဟိုဆေး အိုဗယ်လေက “ပျားတွေရဲ့ ကျန်းမာရေးကို မြှင့်တင်ပေးမယ့် မော်လီကျူးတွေရှိတယ်ဆိုတာ ကျနော်တို့ သိထားပြီးသားပါ၊ ပိုးသတ်ဆေးကြောင့် ဖြစ်ရတဲ့ အာရုံကြောဆိုင်ရာ ပျက်စီးမှုကို တားဆီးပေးတဲ့ မော်လီကျူးတွေ ရှိနေတယ်ဆိုတာ သိထားပြီးသားပါ”လို့ ရှင်းပြပါတယ်။
နည်းလမ်းတွေရဲ့ ထိရောက်မှုကို မြှင့်တင်ဖို့ အရေးကြီးတယ်လို့လည်း သူက ဆက်လက် ပြောကြား ခဲ့ပါတယ်။
Source-Reuters