ရဝမ်ဒါနိုင်ငံအတွင်း လတ်တလော ကူးစက်နေတဲ့ မာဘက်ဂ်ဗိုင်းရပ်စ် ကူးစက်မှု လျော့ကျသွားပြီလို့ ရဝမ်ဒါနိုင်ငံ ကျန်းမာရေးဝန်ကြီး ဆာဘင် အန်စန်ဇီမာနာနဲ့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ရဲ့ ညွှန်ကြားရေးမှူးချုပ် တေဒရိုအဒ်ဒါနွန် ဂေဘရီယေးဆပ်က အောက်တိုဘာ ၂၀ ရက်မှာ ပြောပါတယ်။
ကူးစက်မှုအသစ်တွေ သိသိသာသာ ကျဆင်းသွားပြီလို့ ရဝမ်ဒါ ကျန်းမာရေးဝန်ကြီးက ကြေညာခဲ့ပါတယ်။
ကူးစက်မှုအသစ် ၉၀ ရာခိုင်နှုန်းကျော် လျော့ကျသွားတာကို တွေ့နေရတယ်လို့ သူက မီဒီယာတွေကို ပြောခဲ့ပါတယ်။
အားတက်စရာ ကိန်းဂဏန်းတွေ ရှိနေပေမဲ့ WHO ညွှန်ကြားရေးမှူးချုပ်က စဉ်ဆက်မပြတ် သတိထားဖို့ တိုက်တွန်းခဲ့ပါတယ်။
ကပ်ရောဂါဖြစ်ပွားမှုက ရဝမ်ဒါ စီးပွားရေးအပေါ် သက်ရောက်မယ့် အလားအလာကို ကိုင်တွယ်ဖြေရှင်းခဲ့ပြီး နိုင်ငံစီးပွားရေးကို ပိုထိခိုက်စေနိုင်တဲ့ ခရီးသွားလာမှု ဒါမှမဟုတ် ကုန်သွယ်မှု ကန့်သတ်ချက်တွေကို ပယ်ဖျက်ဖို့ အကြံပေးခဲ့ပါတယ်။
မာဘက်ဂ်ဗိုင်းရပ်စ်ဟာ အသီးစား လင်းနို့တွေဆီကနေ လူတွေဆီ ကူးစက်ခဲ့ပြီးတဲ့နောက် လူအချင်းချင်း ပျံ့နှံ့ကူးစက်တဲ့ အလွန်ပြင်းထန်တဲ့ ကူးစက်ရောဂါ ဖြစ်လာခဲ့ပါတယ်။
Source-Reuters