ဝေဖန်မှုတွေ ကြုံခဲ့ရပြီး ရပ်နားခဲ့ရတဲ့ Victoria’s Secret ဖက်ရှင်ရှိုးပွဲကို ၆ နှစ်အကြာမှာ စူပါမော်ဒယ်အစုံအလင်နဲ့ ပြန်လည်ကျင်းပခဲ့ပါတယ်။
နယူးယောက်စီးတီးမှာ ကျင်းပတဲ့ ရှိုးပွဲမှာ ဂီဂီနဲ့ ဘယ်လာဟာဒီ၊ တိုင်ရာဘန့်ခ်စ်၊ အက်ဒရီယာနာ လီမာ စတဲ့ လက်ရှိနာမည်ကြီး စူပါမော်ဒယ်အစုံအလင် ပါဝင်ခဲ့ပါတယ်။
အသက် ၅၀ ပြည့်သွားပြီဖြစ်တဲ့ နာမည်ကျော် စူပါမော်ဒယ် ကိတ်မော့စ်လည်း သမီးဖြစ်သူ လီလာနဲ့အတူ ပွဲမှာ လျှောက်လှမ်းခဲ့ပါတယ်။
တချိန်က ပိန်ပိန်ပါးပါး လူဖြူအမျိုးသမီးတွေပဲ အသုံးများတယ်၊ အသွေးအရောင်မစုံဘူး၊ Plus Size တို့၊ လူကြီးပိုင်းတို့ကို အလေးမထားဘူးဆိုတဲ့ ဝေဖန်မှုတွေနဲ့ ရင်ဆိုင်ခဲ့ရတဲ့ Victoria’s Secret အမျိုးသမီး အတွင်းခံကုမ္ပဏီဟာ သူတို့ရဲ့ နာမည်ကျော်ရှိုးပွဲကို ၆ နှစ်ကြာ ရပ်နားထားခဲ့တာ ဖြစ်ပါတယ်။
အခုအခါမှာတော့ အားလုံးပါဝင်မှုကို ကိုယ်စားပြုတဲ့ပုံစံနဲ့ ပြန်လည်အသက်သွင်းခဲ့တာ ဖြစ်ပါတယ်။ ဒီပွဲမှာ ချား၊ လီဆာနဲ့ တိုင်လာတို့က ဖျော်ဖြေပေးခဲ့ပါတယ်။
Source-Reuters