အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးရည်မွန်နဲ့ အဖွဲ့ဟာ ပင်လည်ဘူး မြို့သိမ်းစစ်ဆင်ရေးမှာ ပါဝင်ခဲ့တဲ့ အောင်ပွဲရ ရဲဘော်တွေကို အောက်တိုဘာ ၁၀ ရက်က သွားရောက် တွေ့ဆုံ အားပေးခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။
ခရီးစဥ်အတွင်း ဝန်ကြီး ဦးရည်မွန်က သိမ်းပိုက်ရရှိထားတဲ့ ပင်လည်ဘူးမြို့ကို ဝင်ရောက် စစ်ဆေးခဲ့ပြီး လက်နက်ချ အညံ့ခံ ပူးပေါင်းလာတဲ့ စစ်သုံ့ပန်းတွေကိုလည်း တွေ့ဆုံခဲ့တယ်လို့ ထုတ်ပြန်ချက်အရ သိရပါတယ်။
စစ်ကိုင်းတိုင်း၊ ကောလင်းခရိုင်၊ ပင်လည်ဘူးမြို့ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက်မှာ တိုက်ခိုက် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။
တိုက်ပွဲမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် အယောက် ၇၀ လောက်သေဆုံး၊ ၂၇၅ ယောက်ပျောက်ဆုံး၊ ၂၂၅ ယောက် ထိခိုက်ဒဏ်ရာရ ၊ အယောက် ၆၀ စိုးရိမ်ရပြီး အလင်းဝင်ရောက်လာသူ ၄၈ ယောက် စစ်သုံ့ပန်း ၁၀၂ ယောက်ကို ဖမ်းဆီးရမိပြီး လက်နက်ခဲယမ်းတွေနဲ့ မူးယစ်ဆေးဝါးတွေ သိမ်းဆည်း ရမိခဲ့ပါတယ်။