အမေရိကန်ကို ပြီးခဲ့တဲ့နှစ်တွေက ရွှေ့ပြောင်းလာတဲ့သူတွေကို ယာယီတရားဝင် ဝင်ခွင့်ပြုထားမှု အား သက်တမ်းတိုးပေးမှာ မဟုတ်ကြောင်း အမေရိကန်လုံခြုံရေးအဖွဲ့က အောက်တိုဘာ ၄ ရက်မှာ ကြေညာခဲ့ပါတယ်။
ကျူးဘား၊ ဟေတီ၊ နီကာရာဂွါနဲ့ ဗင်နီဇွဲလားနိုင်ငံတို့ကနေ ၂၀၂၂ အောက်တိုဘာလက လေကြောင်းကတဆင့် ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ ၅၃၀၀၀၀ ရှိပါတယ်။
အဲဒီသူတွေအားလုံးကို ၂ နှစ် အစီအစဉ်နဲ့ လက်ခံထားတာဖြစ်ပြီး လာမယ့် ရက်သတ္တပတ်များ အတွင်း သက်တမ်းကုန်ဆုံးမှာလည်း ဖြစ်ပါတယ်။
အမေရိကန်နိုင်ငံမှာ ခိုလှုံနေတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကို ၂ နှစ်နေထိုင်ခွင့် သက်တမ်းတိုး မပေးပေမဲ့ တခြားအစီအစဉ်တွေနဲ့ နိုင်ငံအတွင်းဆက်ပြီး နေထိုင်ကြမယ်လို့လည်း သတင်းမှာ ဖော်ပြထားပါတယ်။
ပါရိုး (parole) အစီအစဉ်ဟာ အထောက်အထားမရှိတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေအတွက် အမေရိကန် လုံခြုံရေးအဖွဲ့က အသိအမှတ်ပြုထားတဲ့ ၂ နှစ် နေထိုင်ခွင့်ဖြစ်ပါတယ်။
အမေရိကန်သမ္မတ ဂျိုးဘိုင်ဒန်ရဲ့ အုပ်ချုပ်ရေးအဖွဲ့က ရွှေ့ပြောင်းတွေ တရားမဝင်ဝင်ရောက်မှုကို လျှော့ချနိုင်ဖို့ ပါရိုးအစီအစဉ်ကို စတင်လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။
ဘိုင်ဒန်ရဲ့ သမ္မတသက်တမ်းအတွင်း မက္ကဆီကို နယ်စပ်ကိုဖြတ်ပြီး တရားမဝင် ဝင်ရောက်တဲ့ ရွှေ့ပြောင်းအခြေချသူတွေ စံချိန်တင်မြင့်တက်ခဲ့လို့ နယ်စပ်စည်းမျည်းသစ်တွေ ချမှတ်ထားရ ပါတယ်။
နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမှာလည်း ရွှေ့ပြောင်းအခြေချသူတွေရဲ့ အရေးက မဲပေးသူ တွေအတွက် အဓိက ခေါင်းစဉ်တခုလည်း ဖြစ်ပါတယ်။
ရီပါ့ပလစ်ကန်သမ္မတလောင်း ထရမ့်ကတော့ ပါရိုးအစီအစဉ်ကို ဝေဖန်ထားတာတွေ့ရပါတယ်။
Source-Reuters