ဟော်လန်တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီ ကိုင်တွယ်နေတဲ့ ဟီရင်ဗင်းအသင်းဟာ ပြိုင်ဘက် အေဇက်အယ်လ်ခမာအသင်းကို ၉ ဂိုး ၁ ဂိုးနဲ့ စံချိန်တင် ဂိုးပြတ်ရှုံးနိမ့်သွားပါတယ်။
စက်တင်ဘာ ၁၅ ရက်က ယှဉ်ပြိုင်ကစားသွားတဲ့ ဟော်လန်လိဂ်ပွဲစဉ် ၅ မှာ နည်းပြဗန်ပါစီရဲ့ ဟီရင်ဗင်းအသင်းက အဝေးကွင်းမှာ ၉ ဂိုး ၁ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ရတာပါ။
ဒီရလဒ်ဟာ ဟီရင်ဗင်းအသင်းသမိုင်းတလျှောက် ဂိုးအပြတ်ဆုံးရှုံးပွဲအဖြစ် မှတ်တမ်းဝင်သွားခဲ့ပါတယ်။
အာဆင်နယ်နဲ့ မန်ယူတိုက်စစ်မှူး ဟောင်းဗန်ပါစီဟာ အခုနှစ်ရာသီအစက စီနီယာအသင်းကြီးနည်းပြအဖြစ် ပထမဆုံးအကြိမ် တာဝန်ယူကိုင်တွယ်ခွင့်ရရှိခဲ့တာပါ။
ဟီရင်ဗင်းနဲ့ ဟော်လန်လိဂ်ပွဲစဉ် ၄ ပွဲကစားအပြီးမှာ ၁ ပွဲသာ အနိုင်ရရှိထားပြီး ၂ ပွဲရှုံး၊ ၁ ပွဲ သရေကျထားပါတယ်။
ဗန်ပါစီဟာ အာဆင်နယ် ကစားသမားဘဝက မန်ယူအသင်းကို ၈ ဂိုး ၂ ဂိုးနဲ့ ရှုံးနိမ့်ခဲ့ဖူးလို့ ဂိုးပြတ်ရလဒ်တွေနဲ့ ရင်းနှီးပြီးသားသူဖြစ်ကြောင်း ဒေးလီးမေးလ်သတင်းစာက ရေးသားထား ပါတယ်။
Photo-Reuters