အင်္ဂလန်နောက်ခံလူဟောင်း အက်ရှ်လေကိုးလ်ဟာ နိုင်ငံအသင်းနည်းပြအဖွဲ့ဝင်အဖြစ် ခန့်အပ်ခြင်း ခံခဲ့ရပါတယ်။
အာဆင်နယ်နဲ့ ချဲလ်ဆီးကစားသမားဟောင်းဟာ လိဂ်ဝမ်းကလပ် ဘာမင်ဂမ်အသင်းမှာ လက်ထောက်နည်းပြအဖြစ် တာဝန်ယူခဲ့ပြီးနောက် အင်္ဂလန်နည်းပြ လီကာစ်လေရဲ့ ခေါ်ယူခြင်းခံခဲ့ရတာပါ။
ကိုးလ်ဟာ အင်္ဂလန်ယူ-၂၁ အသင်းမှာကတည်းက နည်းပြ လီကာစ်လေ နဲ့ အတူလက်တွဲခဲ့ဖူးပါတယ်။
ကိုးလ်ဟာ အင်္ဂလန်အသင်းအတွက် ပွဲပေါင် ၁၀၇ ပွဲကစားခဲ့သူ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လပိုင်းက အင်္ဂလန်နောက်ခံလူဟောင်း လက်စ်ကော့နဲ့ အက်ဖ်အေရဲ့ နည်းပြချုပ် တင်ဒစ်မာ တို့ဟာလည်း နည်းပြလီကာစ်လေနဲ့အတူ နည်းပြတာဝန်တွေ ထမ်းဆောင်ခဲ့ပါတယ်။