စပိန်အမျိုးသမီးအသင်းနည်းပြအဖွဲ့ဝင်တွေဟာ စပိန်ဘောလုံးဥက္ကဋ္ဌကို ဆန့်ကျင်တဲ့အနေနဲ့ ရာထူးကနေ နုတ်ထွက်စာတင်ခဲ့ကြပါတယ်။
စပိန်ဘောလုံးဥက္ကဋ္ဌ ယူဘီယာလက်စ်ဟာ အမျိုးသမီး ကွင်းလယ်ကစားသမား ဟာမိုဆိုကို အနမ်းပေးခဲ့မှုမှာ တာဝန်ယူမှုမရှိဘဲ ရာထူးကနေ နုတ်ထွက်ခြင်း မရှိတာကြောင့် နည်းပြအဖွဲ့ဝင်တွေက နုတ်ထွက်စာတင်ခဲ့ကြတာပါ။
ယူဘီယာလက်စ်ဟာ အမျိုးသမီး ကမ္ဘာ့ဖလားဆုပေးပွဲစင်မြင့်မှာ ချန်ပီယံစပိန်ကွင်းလယ်လူ ဟာမိုဆိုကို ပွေ့ဖက်ပြီး နှုတ်ခမ်းကို နမ်းခဲ့တာကြောင့် စပိန်ဘောလုံးလောကသားတွေရဲ့ ဝေဖန်မှုတွေခံနေရတာပါ။
စပိန်အမျိုးသမီးအသင်း နည်းပြချုပ် ဂျော့ဗယ်ဒါကလွဲပြီး တခြားနည်းပြအဖွဲ့ဝင်သုံးဦးနဲ့အတူ အကြောပြင်ဆရာဝန်နဲ့ ဂိုးနည်းပြတို့ဟာ နုတ်ထွက်စာတင်ခဲ့ကြတာပါ။
ဒါ့အပြင် တခြားသက်တမ်းအလိုက်လက်ရွေးစင်အသင်းတွေက နည်းပြတွေဟာလည်း နုတ်ထွက်စာတင်ခဲ့ကြပါတယ်။
စပိန်အမျိုးသားလက်ရွေးစင်နည်းပြ လူးဝစ်ဒီလာဖရွန်တီကလည်း ဥက္ကဋ္ဌ ယူဘီယာလက်စ်ကို ဝေဖန်ခဲ့ပြီး မသင့်တော်တဲ့အပြုအမူ လုပ်ဆောင်ခဲ့တာဖြစ်လို့ တာဝန်ယူသင့်တယ်လို့ ပြောပါတယ်။
ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်ဘက်ကတော့ စပိန်အက်ဖ်အေဥက္ကဋ္ဌ ယူဘီယာလက်စ်ကို တာဝန်ကနေ ရပ်ဆိုင်းထားပြီး စုံစမ်းစစ်ဆေးအရေးယူဖို့ လုပ်ဆောင်နေပါတယ်။
Photo-Reuters