ဘလွန်းဒီအောဆုအတွက် ဆန်ခါတင်အယောက် ၃၀ စာရင်းမှာ ပါဝင်ခြင်းမရှိတဲ့အပေါ် ဝမ်းနည်း မိကြောင်း ဘရာဇီးတိုက်စစ်မှူးရိုဒရီဂိုက ဝန်ခံပြောသွားပါတယ်။
ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုဖြစ်တဲ့ ဘလွန်းဒီအောဆုကို ပြင်သစ်ဘောလုံးမဂ္ဂဇင်းက နှစ်စဉ် ချီးမြှင့်လာခဲ့တာပါ။
ဘလွန်းဒီအောဆု ဆန်ကာတင်အယောက် ၃၀ မှာ ရီးရဲလ်မက်ဒရစ်နဲ့အတူ ချန်ပီယံလိဂ်နဲ့ လာလီဂါဆုဖလားတွေရယူနိုင်ခဲ့တဲ့ ရိုဒရီဂို ပါဝင်ခြင်းမရှိခဲ့ပေမဲ့ အသင်းဖော်တွေ အများစုကတော့ ပါဝင်ခဲ့တာပါ။
အယောက် ၃၀ စာရင်းမှာ ပါဝင်ဖို့ ထိုက်တန်ပေမဲ့ မပါဝင်ခဲ့တဲ့အပေါ် ဝမ်းနည်းမိကြောင်း၊ လက်ရှိ ရွေးချယ်ထားတဲ့ ကစားသမား အယောက် ၃၀ ဟာလည်း ပါဝင်ဖို့ ထိုက်တန်တဲ့သူတွေ ဖြစ်ကြောင်း ရိုဒရီဂိုက ပြောပါတယ်။
အသက် ၂၃ နှစ်ရှိ ဘရာဇီး တိုက်စစ်ကစားသမားဟာ မနှစ်က ရီးရဲလ်မက်ဒရစ်မှာ ပြိုင်ပွဲစုံ ၅၁ ပွဲကစားခဲ့ပြီး ၁၇ ဂိုးသွင်းယူနိုင်ခဲ့ပါတယ်။