ထိုင်းဝန်ကြီးချုပ် ဖယ်ထုံထာန် ရှင်နာဝပ် က သူ့ရဲ့အစိုးရသစ်ဟာ ဖြုတ်ချခံ ၀န်ကြီးချုပ်ဟောင်း ဆေ့ထှာ ထဝီဆင်ရဲ့ မူဝါဒတွေအတိုင်း ဆက်လုပ်သွားမယ်လို့ (စက်တင်ဘာ ၇ ရက်) မှာ ပြောပါတယ်။
နိုင်ငံရေးရဲ့ စီးပွားရေးကို လှုံ့ဆော်ရေး ထိပ်တန်းဦးစားပေးအဖြစ် သတ်မှတ်ထားတယ်လို့လည်း သူက ဆက်ပြောပါတယ်။
စက်တင်ဘာ ၁၂ ရက်နဲ့ ၁၃ ရက် နှစ်ရက်ကြာကျင်းပမယ့် လွှတ်တော်အစည်းအဝေးမှာ တင်သွင်းမယ့်မူဝါဒတွေကို ပြင်ဆင်ဖို့ အစိုးရအဖွဲ့ အထူးအစည်းအဝေးကိုလည်း သူက ခေါ်ယူ ကျင်းပခဲ့ပါတယ်။
ကျင့်ဝတ်ဖောက်ဖျက်မှုအတွက် ဝန်ကြီးချုပ်ဟောင်း ဆေ့ထှာကို တရားရုံးက ရာထူးကနေ ဖယ်ရှားပြီးတဲ့နောက် ဖယ်ထုံထာန်ကို ထိုင်းနိုင်ငံ အောက်လွှတ်တော်က ပြီးခဲ့တဲ့လက ဝန်ကြီးချုပ်အဖြစ် ရွေးကောက်တင်မြှောက်ခဲ့ပါတယ်။
ပြင်ဆင်ချက် တချို့ကလွဲရင် အရင်အစိုးရရဲ့ မူဝါဒတွေကိုသာ အဓိကထား ဆောင်ရွက်သွားမယ် လို့လည်း ဖယ်ထုံထာန်က ဆက်ပြောပါတယ်။
အဓိကထားဆောင်ရွက်မယ့် ကိစ္စရပ်တွေထဲမှာ ဘဏ္ဍာရေး အခက်အခဲ ဖြေရှင်းခြင်း၊ အသေးစားနဲ့ အလတ်စားလုပ်ငန်းတွေကို ပံ့ပိုးပေးခြင်းအပြင် စိုက်ပျိုးရေးနဲ့ ခရီးသွားကဏ္ဍတွေ မြှင့်တင်ပေးခြင်း စတဲ့ ကိစ္စရပ်တွေကို ကိုင်တွယ်ဖြေရှင်းရေးတို့ ပါဝင်တယ်လို့ ရိုက်တာ သတင်းဌာနက အစီရင်ခံထားပါတယ်။
Source-Reuters