ကမ္ဘာ့ရွှေဈေးဟာ ဩဂုတ် ၁၆ ရက်က နယူးယောက်မှာ လက်ငင်းအရောင်းအဝယ်ဈေးဟာ တစ်အောင်စကို ဒေါ်လာ ၂၅၀၈ ဒသမ ၈၂ အထိ တက်သွားခဲ့ပြီး ပြီးခဲ့တဲ့လစံချိန်ကို ချိုးခဲ့သလို ဩဂုတ် ၁၈ ရက်နေ့မှာလည်း ၂၅၀၈ ဒေါ်လာဝန်းကျင်မှာ ဆက်ရှိနေပါတယ်။
ထိုင်းရွှေကုန်သည်များအသင်းကတော့ ဩဂုတ် ၁၇ ရက် ရည်ညွှန်းဈေးမှာ ထိုင်းအလေးချိန် တစ်ဘတ်ကို ငွေ ၄၁,၀၀၀ ဘတ်လို့ ရောင်းဈေးသတ်မှတ်ထားပြီး သောကြာနေ့ကထက် ဘတ် ၂၀၀ ပိုတက်သွားပါတယ်။ ဒါဟာ ပြီးခဲ့တဲ့အပတ်ကထက် ၄၅၀ ဘတ် ပိုတက်လာတာ ဖြစ်ပါတယ်။
အမေရိကန် အိမ်ခြေမြေ စျေးကွက် အားပျော့တာ၊ ဗဟိုဘဏ်က ဘဏ်တိုးနှုန်း လျှော့ချဖို့ရှိနေလို့ ဒေါ်လာဈေး အားပျော့လာနိုင်တာကြောင့် ရွှေဈေး ပိုမာလာတာဖြစ်ပါတယ်။
ကမ္ဘာတဝန်း ဗဟိုဘဏ်တွေက ငွေကြေးမူဝါဒတွေ ဖြေလျှော့တာနဲ့ ရွှေအမြောက်အမြား ဝယ်ယူတာတွေကြောင့် ဒီနှစ်ထဲမှာ ရွှေစျေးက ၂၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ပါတယ်။
အရှေ့အလယ်ပိုင်း တင်းမာမှုနဲ့ ဥရောပက ရုရှားရဲ့ ယူကရိန်းကျူးကျော်စစ်တို့လို ပထဝီနိုင်ငံရေး မငြိမ်သက်မှုတွေကြောင့်လည်း ဘေးကင်းစိတ်ချရတဲ့ ပိုင်ဆိုင်မှုအဖြစ် ရွှေကို စုဆောင်းသူ ပိုများလာခဲ့ပါတယ်။
TD Securities က ကုန်မာဈေးနှုန်း မဟာဗျူဟာဆိုင်ရာ ကမ္ဘာလုံးဆိုင်ရာ အကြီးအကဲ ဘာ့တ်မီလက်ကတော့ ရွှေဈေးဟာ လာမယ့် သုံးလပတ်တွေကျရင် တစ်အောင်စကို ဒေါ်လာ ၂,၇၀၀ အထိ ရောက်နိုင်တယ်လို့ ခန့်မှန်းထားပါတယ်။
Source-Reuters